October 22, 2024

DDT အဖွဲ့ဝင်များနှင့် တိုက်ပွဲဖြစ်ပွားရာမှသိမ်းဆည်းရမိသည့်လက်နက်များကို တွေ့ရစဉ်

MT News

Written by Nay Moe

SAC ၏ လခရခြေလျင်စစ်ကြောင်းကို DDT မိုင်းဆွဲပစ်ခတ်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားရာမှ လခရ ငါးဦးကျပြီး အများအပြားဒဏ်ရာရရှိခဲ့သည်ဟု Dawei Defense Team-DDT (ထားဝယ်-ပကဖ) က အောက်တိုဘာ ၁၆ ရက်တွင် ထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ တနင်္သာရီတိုင်းဒေသကြီး ၊ ထားဝယ်ခရိုင် ၊ ထားဝယ်မြို့နယ် ၊ (၈)မိုင်နှင့် ဥယျာဉ်ကြီးရွာကြားရှိတံတားအငယ်ပေါ်တွင် အောက်တိုဘာ ၁၅ ရက် နံနက် ၄ နာရီအချိန်ခန့်တွင် SAC ခြေလျင်စစ်ကြောင်းကို Dawei Defense Team-DDT (ထားဝယ်-ပကဖ) ကကြားဖြတ်မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့သည်။

၎င်းဖောက်ခွဲမှုတွင် မိုင်း ၁ လုံးပေါက်ကွဲပြီး ၁ လုံးချို့ယွင်းမှုဖြစ်ခဲ့ကာ ၁၅ မိနစ်အကြာထိ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး လခရမ်ားက လက်နက်ကြီး အသုံးပြုလာမှုကြောင့် DDT ပြန်လညဆုတ်ခွာခဲ့သည်။ ထိုတိုက်ခိုက်မှုတွင် လခရငါးဦးကျပြီး အများအပြားဒဏ်ရာရရှိကာ မသင်္ကါသူတချို့ကိုလည်း ဖမ်းဆီးသွားခဲ့သည်ဟု ဆိုသည်။

”ကျွန်တော်တို့ Dawei Defense Team – DDT (ထားဝယ်-ပကဖ) က မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ကျေးရွာနေပြည်သူများနဲ့ လုံးဝ (လုံးဝ) သက်ဆိုင်မှုမရှိကြောင်း ထပ်မံအသိပေးထုတ်ပြန်အပ်ပါတယ်” ဟု ဆိုသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် လခရများ၏ လက်နက်ကျည်တချို့ကိုလည်း သိမ်းဆည်းရမိသည်ဟု DDT က ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *