MT News
Written by Pan Ei
မန်စီးတီးကစားသမား ဖီးလ်ဖိုဒန်ဟာ အသက် ၂၂ နှစ်သာရှိသေးပေမဲ့ အခုအချိန်မှာတော့ ပရီးမီးယားလိဂ်ဖလားကို ငါးကြိမ်တိုင်တိုင်ရရှိခဲ့ပြီး ထိပ်တန်းဂန္တဝင်ကစားသမားတွေ ဖလားရရှိခဲ့တဲ့ အရေအတွက်ကို ကျော်လွန်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
မန်စီးတီးအသင်းအနေနဲ့ သုံးနှစ်ဆက်တိုက် ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားကို မေလ ၂၁ ရက်က ချယ်လ်ဆီးနဲ့ ပွဲမှာ ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီးနောက် ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပြီး ၆ နှစ်အတွင်းမှာ ချန်ပီယံဆုကို ၅ ကြိမ်မြောက်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
ကွင်းလယ်ကစားသမား ဖီးလ်ဖိုဒန်ဟာ ၂၀၁၈ ခုနှစ်က မန်စီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလားကို စတင်ရယူနိုင်ခဲ့တုန်းက အသက် ၁၇ နှစ်သာရှိသေးတာကြောင့် ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ခဲ့တဲ့ အသက်အငယ်ဆုံးကစားသမားအဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်တင်ခဲ့ပါသေးတယ်။
အင်္ဂလန်ကစားသမား ဖီးလ်ဖိုဒန်ဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကြယ်ပွင့် ခရစ်စတီယာနိုရော်နယ်ဒိုထက် ပရီးမီးယားလိဂ်ဖလားကို ပိုမိုပိုင်ဆိုင်ထားတာဖြစ်ပြီး ရော်နယ်ဒိုက ၃ ရာသီဆက်တိုက် ချန်ပီယံဖလားကို ၂၀၀၇၊ ၂၀၀၈ နဲ့ ၂၀၀၉ ခုနှစ်တို့မှာ မန်ယူအသင်းနဲ့အတူ ရရှိခဲ့တာဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ဖလားကို မန်ယူအသင်းနဲ့အတူ ၁၃ ကြိမ်အနိုင်ရရှိထားကာ စံချိန်တင်ထားတဲ့ ရိုင်ယန်ဂစ်ရဲ့ပထမဆုံးလိဂ်ချန်ပီယံဆုကိုရရှိခဲ့တဲ့ အသက်ထက် ငယ်ရွယ်တဲ့အချိန်မှာ ဖလားကို ရရှိခဲ့တဲ့ ဖီးလ်ဖိုဒန် အနေနဲ့ အသက် ၂၂ နှစ်မှာ အောင်မြင်မှုများစွာရရှိနေပြီး စံချိန်ဟောင်းတွေကို ချိုးဖျက်သွားနိုင်မလားဆိုတာကိုတော့ စောင့်ကြည့်သွားရဦးမှာပဲ ဖြစ်ပါတယ်။
Ref; Talk Sports, Wikipedia