MT News
Written By Thandar
လက်ရှိခေတ်ကာလအရ ခေတ်စားနေတဲ့ ငွေကြေးသိန်းပေါင်းမြောက်များစွာ တင် တောင်းမှုနဲ့ပတ်သက်ပြီး အမျိုးသမီးငယ်တွေ အတောင်းခံရတဲ့အခြေအနေကနေ ဖောက်ထွက်ပြီး အခုကတော့ အမျိုးသားငယ်ကို တင်တောင်းတဲ့ “သိန်း ၂သောင်းခွဲ”နဲ့တင်တောင်းတဲ့မမ” Part-1ဆိုပြီး လူမှုကွန်ရက်မှာ တက်လာတာပဲဖြစ်ပါတယ်။
သူမက “သိန်း ၁သောင်းနဲ့တင်တောင်းတာလောက်ကတော့ မမမျိုးက သနားတယ်နော်။ တို့က မောင့်ကို “သိန်း၂သောင်းခွဲ”နဲ့တင်တောင်းတာပါ”လို့ “အကောင်းဆုံးတွေ စုဝေးရာ ထာဝရဝိန့်စိန်”ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ ဒ့ါအပြင် ရွှေတုံးတွေလည်း ပါဝင်နေတာတွေ့ရပါတယ်။
ဒါပေမဲ့ ဒီဖြစ်စဥ်က ထာဝရဝိန့်စိန်အနေနဲ့ ဟာသအဖြစ် ရိုက်ကူးထားတာပါလို့လည်းဆိုပါတယ်။ Part 2 ကိုလည်း ရိုက်ကူးတင်ဆက်သွားမှာလည်းဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဟာသပို့စ်ကိုတောင် ဖိနှိပ်ခံအမျိုးသားထုက အမျိုးသားတစ်ယောက်ကို အမျိုးသမီးက သိန်း၂ သောင်းခွဲနဲ့ တင်တောင်းတယ်ဆိုတာ ဝမ်းသာဂုဏ်ယူပြီး Post အောက်မှာ ပရိသတ်တွေ အားပေးမှုမြင့်တက်လျှက်ရှိပါတယ်။ ဒီလိုမှပေါ့လို့လည်း ဝမ်းသာပီတိဖြစ်နေကြတဲ့ အမျိုးသားတစ်စုလည်း ရှိနေကြပါတယ်။
“Stop Human Trafficking လူကုန်ကူးမှု ချက်ချင်းရပ်” ၊ “သင့်ကြောင့် မောင်လေးတွေ ဈေးမတက်ပါစေနဲ့ ” ၊ ကမ္ဘာ့စျေးအကြီးဆုံး ဥပေါ့”စတဲ့ Comment တွေလည်း ရှိနေခဲ့ပါတယ်။
မကြာခင်ကလည်း မန္တလေးက မိန်းကလေးတစ်ဦးကို အမျိုးသားတစ်ဦးက သိန်း ၁သောင်းနဲ့ လက်ဝတ်ရတနာတွေတင်တောင်းတဲ့အပေါ် လူမှုကွန်ရက်ပေါ်မှာ ဝေဖန်မှုရှိသလို ကံကောင်းသူ တစ်ယောက်လို့လည်း မှတ်ချက်ပေးကြသူတွေလည်း ရှိခဲ့ပါတယ်။ ချစ်ရတဲ့ ပရိသတ်ကြီးကရော အခုလို လက်ဝတ်ရတနာ၊ ကျပ်သိန်း သောင်းနဲ့ချီ တင်တောင်းကြတဲ့ အမျိုးသားဘက်ကပဲဖြစ်ဖြစ်၊ အမျိုးသမီးဘက်ကပဲဖြစ်ဖြစ် ဘယ်လိုအရာတွေ ပိုအားကြသလဲဆိုတာ ပြောခဲ့ပါရှင့် ။