October 22, 2024

MT News

Written by Nay Moe

မုံရွာ ဘိုးဘွားရိပ်သာအနီးတွင် လခရကားပေါ်သို့ လက်ပစ်ဗုံးပစ်ထည့်ရာ သုံးဦးခန့်ကျပြီး အများအပြားဒဏ်ရာရဟု MYANMAR’S ROYAL DRAGON ARMY (M.R.D.A) က အောက်တိုဘာ ၁၆ ရက် တိုက်ပွဲသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖြစ်စဥ်မှာ အောက်တိုဘာ ၁၅ ရက် ညနေ့ ၅ နာရီ ၄၁ မိနစ် အချိန်ခန့်တွင် MRDA တပ်ရင်း (၆)၊ တပ်ခွဲ (၁) Black ဦးဆောင်သောအဖွဲ့မှ နွေဦးသစ္စာပျောက်ကြားတပ်ဖွဲ့၊ Nation People Defence Force၊ Monywa Generation မဟာမိတ်အင်အားစုများ၏ ပူးပေါင်းမှုဖြင့် မုံရွာမြို့၊ ဘိုးဘွားရိပ်သာအနီး မြောက်ဘက်သို့ ဦးတည်ထားသော SAC ၏ လခရတပ်ဖွဲ့ဝင်များပါရှိသည် မိုးကာစိမ်းအုပ် DC ကားအတွင်းသို့ လက်ပစ်ဗုံးတစ်လုံးကို ပစ်ထည့်ရာ အနည်းဆုံးလခရ (၃) ဦး အင်အားလျော့သွားပြီး အများအပြားထိခိုက်ဒဏ်ရာရရှိနိုင်သည်ဟု ဖော်ပြထားသည်။

အဆိုပါ ဖြစ်စဥ်တွင် ဆိုင်ကယ်မောင်းနှင်လာသော MRDA အဖွဲ့ဝင်များက လက်ပစ်ဗုံးအားကိုင်ဆောင်၍ လခရကားအနီးတွင် ပင်ဖြုတ်ကာ ကားပေါ်သို့ပစ်တင်ပြီး ဆိုင်ကယ်အား မောင်းနှင်ထွက်ပြေးလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ အလစ်အငိုက်တွင် လျှပ်တပြက်လုပ်ကြံသည့် ယင်းမစ်ရှင်၌ MRDA တပ်ရင်း (၆) ၊ တပ်ခွဲ (၁) Black ဦးဆောင်သောအဖွဲ့နှင့် နွေဦးသစ္စာပျောက်ကြားတပ်ဖွဲ့၊ Nation People Defence Force ၊ Monywa Generation မဟာမိတ်အင်အားစုများမှ ရဲဘော်များ အထိခိုက်မရှိဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *