MT News
Written By Thandar
မေလ ၂၀ ရက်မှာ Fortune TV ရုပ်သံဇာတ်လမ်းတွဲအဖြစ် စတင်ပြသနေတဲ့ ဆရာမကြီး ယုဝတီခင်စိန်လှိုင် ရေးသားထားတဲ့ “ပင်လယ်ပြာပြာ မိုးပြာပြာ” ဝတ္ထုစာအုပ် ဒုတိယအကြိမ်ပြန်လည်ထွက်ရှိခြင်း အခမ်းအနားပွဲကို ရန်ကုန်မြို့ လှည်တန်းစင်တာမှာ ကျင်းပခဲ့ပါတယ်။
ဒီစာအုပ်လေးမှာ စာမျက်နှာ ၂၈၈ မျက်နှာပါဝင်ပြီး တန်ဖိုးကျပ် ၇၀၀၀ နဲ့ စိတ်ကူးချိုချို စာပေတိုက်က ထုတ်ဝေ ဖြန့်ချိမှာဖြစ်ပါတယ်။
အဆိုပါ ဝတ္ထုစာအုပ်မိတ်ဆက်ဖြန့်ချိပွဲကို ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ အင်ကြင်းထူး ၊ ဝေလု ၊ နေဗလု ၊သာသာစတဲ့သူတွေ တက်ရောက်ခဲ့ကြပါတယ်။
“ပင်လယ်ပြာပြာ မိုးပြာပြာ”ဆိုတဲ့ ယုဝတီ ခင်စိန်လှိုင်ရဲ့ အခြားဝတ္ထုတွေထက် တမူထူးခြားနေတဲ့ မီးပြတိုက်တွေကို နောက်ခံထား ဇာတ်လမ်းဆင်ထားတဲ့ ဝတ္ထုကို ဆရာမကြီးရဲ့ အထင်ရှားဆုံးလက်ရာများထဲက တစ်ခုအဖြစ် သတ်မှတ်ခဲ့ပါတယ်။
မီးပြတိုက်ဝန်ထမ်းတစ်ဦးရဲ့ လုပ်ငန်းခွင် ဖြစ်ရပ်တွေကို အခြေခံပြီး မမျှော်လင့်ဘဲ ပတ်သက်ဆက်နွှယ်လာသူ အမျိုးသမီးနှစ်ဦးရဲ့ ထွေပြားတဲ့ အချစ်ဇာတ်လမ်း အားပြိုင်မှုကို လျှို့ဝှက်သည်းဖိုဆန်ဆန် စိတ်လှုပ်ရှားရင်ခုန်ဖွယ် ဇာတ်အိမ်တည်လျက် ဇာတ်လမ်းအစကနေ အဆုံးထိ စာဖတ်သူကို ဆွဲဆောင်ခေါ်ယူသွားနိုင်တဲ့ ဝတ္ထုတစ်ပုဒ်ဖြစ်ပါတယ်။