MT News
မေလ ၁၄ ရက်က မိုခါမုန်တိုင်းဒဏ်ကြောင့် ရေဘေးသင့် မကွေးဘက်က အိမ်ထောင်စု ၁၀၀၀ စာအတွက် အစားအသောက်နဲ့အဝတ်အထည်တွေကို သရုပ်ဆောင် ထွန်းကိုကိုတို့အဖွဲ့က သွားရောက်ကူညီလှူဒါန်းခဲ့ပါတယ်။
မိုခါမုန်တိုင်းဒဏ်ကြောင့် မကွေးတိုင်းဒေသကြီး ဆင်ဖြူကျွန်းမြို့နယ်ရှိ နွယ်ကမယ်ချောင်းရေကြီးမှုဖြစ်ပေါ်ခဲ့လို့ ကျေးရွာပေါင်းများစွာ ရေဘေးသင့်ပြီး ထိခိုက်ပျက်စီးခဲ့ပါတယ်။
ဒါကြောင့် မေလ ၂၀ ရက်က နာရေးကူညီမှုအသင်း(ရန်ကုန်)ကနေ စလင်းနဲ့ ဆင်ဖြူကျွန်းက ကညှပ်ရွာ၊ သမြင်ကင်းရွာ၊ နောင်တော်ကြီးရွာ၊ နောင်တော်လေးရွာစသည့်တို့နဲ့ အခြားရေဘေးသင့်ကျေးရွာရှိ အိမ်ထောင်စု (၁၀၀၀) အတွက် ဆန်၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာဘူး၊ လက်ဆွဲအိတ်၊ အဝတ်အထည်တွေကို အများပြည်သူအတွက် ကုသိုလ်ပြု လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။
နာရေးကူညီမှုအသင်း(ရန်ကုန်)က ပါဝင်လှူဒါန်းခဲ့ကြတဲ့ အလှူရှင်မိသားစုတွေလည်း စိတ်ချမ်းသာခြင်း၊ ကိုယ်ကျန်းမာခြင်းများနဲ့ ပြည့်စုံကြပါစေ။ စီးပွားဥစ္စာများလည်း ဒီရေအလား တိုးတက်နိုင်ကြပါစေ။ ကပ်ဘေးအပေါင်းမှ အမြန်ဆုံးကျော်လွှားနိုင်ကြပါစေ လို့ ဆုမွန်ကောင်းပို့သထားသလို
လက်ရှိကာလ ရေဘေးသင့်မိသားစုတွေ အတွက်ဆက်သွယ်လှူဒါန်းလိုတယ်ဆိုရင်လည်း KBZ Acc .20830100201659201 နဲ့ K-Pay Ph-09421011915 အပြင် အလှူခံဌာန ၀၉-၄၂၁၀၁၁၉၁၅ ကို ဆက်သွယ်လှူဒါန်းနိုင်သလို ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ် ၄၂ ရပ်ကွက် ဗိုလ်မှူးဗထူးလမ်းရှိ အမှတ်(၁၃/က) ကိုလည်း လာရောက်လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။