၂၂. ၅. ၂၀၂၃
Written by Thettant
မေလ ၂၁ ရက်က ထိုင်းနိုင်ငံသူ Aomsin နဲ့ ကယန်းလက်ဝှေ့မယ် ဘရော်နီကာတို့ ထိုးသတ်တဲ့ပွဲမှာ ပထအမချီ ပွဲချိန်နှစ်မိနစ်မပြည့်ခင် ဘရော်နီကာက အလဲထိုးနဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်။
ဟုတ်ပါတယ်။ မြန်မာ့ကယန်းလက်ဝှေ့မယ် ဘရော်နီကာဟာ အီတလီလက်ဝှေ့မယ် Ester Viola ကို အီတလီနိုင်ငံမှာ ဧပြီ ၂၂ ရက်ညက ရင်ဆိုင်ယှဉ်ပြိုင်ထိုးသတ်ချိန် သူ့အိမ်ကွင်း သူ့ပရိသတ်ရှေ့မှာ ဘရော်နီကာ အနိုင်ရခဲ့သလိုမျိုးပါပဲ။ ထိုင်းနိုင်ငံသူ လက်ဝှေ့မယ် Aomsin Srithong GYM ကိုလည်း သူ့အိမ်ကွင်း သူ့ပရိသတ်ရှေ့ထိုးသတ်ချိန်မှာကို ပထမအချီ နှစ်မိနစ်မပြည့်ခင် အလဲထိုးအနိုင်ယူနိုင်ခဲ့တာပါ။
ဒီပွဲဟာ ကယန်းလူမျိုး မြန်မာလက်ဝှေ့မယ် ဘရော်နီကာရဲ့ ၁၃ ကြိမ်မြောက် ထိုးသတ်ပွဲအဖြစ် ထိုင်းလက်ဝှေ့မယ် Aomsin နဲ့ ထိုင်းနိုင်ငံ Korat မှာ ကျင်းပတဲ့ Thai Fight နှစ် ၁၀၀ ပြည့်ပွဲမှာ ထိုးသတ်ခဲ့တာဖြစ်ပြီး ပထမအချီနှစ်မိနစ်မပြည့်ခင် အတင်းဝင်ထိုးတဲ့ Aomsin ဟာ ဘရော်နီကာရဲ့ ညာဖြောင့်လက်သီး မေးရိုးကိုတိတိကျကျထိပြီးနောက်မှာ ပုံလဲကျသွားပြီး ပြန်မထနိုင်တော့တဲ့အတွက် အလဲထိုးနိုင်ပွဲနဲ့ သူ့နိုင်ငံ၊ သူ့ပရိသတ်ရှေ့မှာ အနိုင်ယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
ထိုင်းဘုရင့်ဖလားလက်ဝှေ့ပြိုင်ပွဲ ချန်ပီယံ ဘရော်နီကာအတွက် ဒီပွဲစဉ်ဟာ ၁၂ ပွဲဆက်တိုက် အနိုင်ယူနိုင်ခြင်းလည်း ဖြစ်ခဲ့သလို သူမသွားချင်နေတဲ့ One Championship ဆီကို ဘယ်အချိန်ရောက်သွားမလဲဆိုတာတော့….။