October 22, 2024

Happy Water မူးယစ်ဆေးပါသည်ဟု ယူဆရသော ကော်ဖီထုပ်နှင့် သောက်မိ၍ သတိလစ်မေ့မျောသူများကို တွေ့ရစဥ် ဓာတ်ပုံ- ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်း

၁၇. ၁၀. ၂၀၂၂

Written by Tha Doe

မူးယစ်ဆေးဝါးပုံစံသစ် Happy Water ပါဝင်သည်ဟုယူဆရသော ကော်ဖီထုပ်အား ဘုန်းကြီးကျောင်းသို့ လာလှူ၍ သောက်မိရာမှ သံဃာတစ်ပါးနှင့် လူလေးဦး သတိလစ်မေ့မျောမှု အောက်တိုဘာ ၁၇ ရက်က တာချီလိတ်မြို့၊ နတ်မောက်ရွှေသူဌေးကုန်းကျောင်းတိုက်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ယနေ့ နံနက်ပိုင်း ၇ နာရီခွဲခန့်တွင် တာချီလိတ်မြို့ ကျောက်တောင်ရပ်၊ နတ်မောက်ရွှေသူဌေးကုန်းကျောင်းတိုက်တွင် Coffe Sho တံဆိပ်ပါအထုပ်မှ ကော်ဖီများအား သောက်မိပြီး ခဏအကြာတွင် ၅ ဦး ရုတ်တရက် မူးလဲသတိမေ့သွားသဖြင့် ဦးလှမိုး(တာချီလိတ်) လူမှုကူညီရေးအသင်းမှ သွားရောက်ကူညီခဲ့ကြောင်း သိရသည်။

အဆိုပါ Happy Water ဖြစ်ဖွယ်ရှိသော ကော်ဖီမှုန့်များကြောင့် သတိလစ်သွားသူများမှာ ဆရာတော် ဥူးကေလာသ သက်တော်(၅၄) နှစ်၊ ဦးပြုံးမောင် အသက်(၅၃) နှစ်၊ ကိုနှင်းသန့်အောင် အသက်(၃၂)နှစ်၊ ကိုရဲကိုမျိုး (၁၉)နှစ်၊ ကိုထိန်လင်းဦး အသက်(၂၇)နှစ်တို့ ဖြစ်ပြီး တာချီလိတ်ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင်ခဲ့ကြောင်း ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်းမှ သိရပြီး လူငယ်များမှာမူ ပြန်လည်သတိရနေပြီဖြစ်သည်ဟု သိရသည်။

လက်ရှိတွင် အဆိုပါ ကော်ဖီထုပ်မှာ မည်သည့်ဓာတ်ပစ္စည်းများပါဝင်သည်ကို ဆရာဝန်များက စမ်းသပ်စစ်ဆေးနေဆဲသာဖြစ်ကြောင်း သိရသည်။

“ဆရာတော့်ကျောင်းကို လာလှူထားတာက Happy Water တွေလို့တော့ အများကပြောနေကြတာပေါ့။ ဆရာဝန်ကတော့ ဘာဆေးမှုန့်ဆိုတာတော့ မပြောသေးဘူးခင်ဗျ”ဟု ဦးလှမိုး (တာချီလိတ်) လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Happy Water ဆိုသည့် မူးယစ်ဆေးဝါးအသစ်မှာ မြန်မာနိုင်ငံ တာချီလိတ်မြို့မှထွက်ရှိသည့် မူးယစ်ဆေးဝါးအသစ်ဟုဆိုတာ ထိုင်းနိုင်ငံမှ တင်းကျပ်စွာစစ်ဆေးမှုပြုလုပ်နေသကဲ့ စင်ကာပူအပါအဝင်အာဆီယုံနိုင်ငံများတွင်လည်း အဆိုပါမူးယစ်ဆေးကို သတိပြုစစ်ဆေးနေသည်။ Happy Water သည် ကန့်သတ်ထိန်းချုပ်မူးယစ်ဆေးဝါးများဖြစ်သော Ketamine၊ Ecstasy၊ ICE( Methamphetamine) နှင့် ကော်ဖီ၊ ဒိုင်ယာဇီပင်အမှုန်များ ရောမွှေထားသော မူးယစ်ဆေးဝါးပုံစံသစ်ဖြစ်ပြီး အများအပြားသောက်မိပါက သေဆုံးနိုင်သည့် အန္တရာယ်ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *