၂၀. ၅. ၂၀၂၃
Written by Pan Ei
ယူရိုပါကွန်ဖရန့်စ်လိဂ် ဆီးမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဝက်စ်ဟမ်းအသင်းနဲ့ အေဇက် အယ်လ်ခမာအသင်းတို့ သောကြာနေ့က ကစားခဲ့ကြပြီး ဝက်စ်ဟမ်းအသင်းက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရကာ ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့ရာမှာတော့ မကျေနပ်ကြတဲ့ အေဇက် အယ်လ်ခမာ ပရိသတ်တွေက ရန်ပြုဖို့ရောက်လာချိန်မှာ ဝက်စ်ဟမ်းပရိသတ်တစ်ဦးက တစ်ယောက်တည်း ခုခံကာကွယ်ပေးခဲ့တာကြောင့် လူအများရဲ့ ချီးကျူးတာကို ခံခဲ့ရပါတယ်။
အသက် ၅၈ နှစ်အရွယ် Chris Knoll လို့ခေါ်တဲ့ ဝက်စ်ဟမ်းပရိသတ် အမျိုးသားဟာ သူရဲ့ ဇနီးဖြစ်သူနဲ့အတူ ဆီးမီးဖိုင်နယ်ပွဲစဉ်ကို လာရောက်ကြည့်ရှုခဲ့တာဖြစ်ပြီး ဝက်စ်ဟမ်းအသင်းအနိုင်ရရှိပြီးနောက် ကွင်းအတွင်းက အောင်ပွဲခံတာကိုကြည့်ရှုနေကြတဲ့ ဝက်စ်ဟမ်းအသင်းသားတွေရဲ့ မိသားစုတွေနဲ့ ပရိသတ်တွေဆီ အေဇက် အယ်လ်ခမာ ပရိသတ်တွေက ရန်ပြုဖို့ရောက်လာကြချိန်မှာတော့ အခြားသူတွေ မထိခိုက်ဖို့ သူတစ်ဦးတည်း ခုခံတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ဝက်စ်ဟမ်းအသင်းဂိုးသမား Areola က Chris Knoll ကို ဝက်စ်ဟမ်းအသင်းအတွက် သမိုင်းဝင်ညမှာ အကြီးကျယ်ဆုံးသူရဲကောင်းဖြစ်တယ်လို့ ပြောကြားခဲ့ပြီး Chris Knoll က “ကျွန်တော်က သူရဲကောင်းမဟုတ်ပါဘူး။ ကျွန်တော် လုပ်စရာရှိတာကို လုပ်ခဲ့တာပါ။ သူတို့ကို အကာအကွယ်ပေးမယ့် တခြားလူတွေလည်း ရှိပါသေးတယ်။ အနိုင်ကျင့်တာကို မကြိုက်လို့ သူတို့ကို ရပ်တန့်ဖို ကြိုးစားခဲ့တာပါ။” လို Chris Knoll က မီဒီယာတွေကို ဖြေကြားခဲ့ပါတယ်။
တိုက်ခိုက်မှုမှာ ဒဏ်ရာတွေရရှိခဲ့သလို သူရဲကောင်းတစ်ဦးလည်းဖြစ်ခဲ့တဲ့ Chris Knoll ကို ယူရိုပါကွန်ဖရန့်စ်လိဂ် ဗိုလ်လုပွဲအတွက် လက်မှတ်အလကားပေးဖို့ လူအများက ဝိုင်းတောင်းဆိုပေးနေကြပြီး ဗိုလ်လုပွဲအနေနဲ့ ဝက်စ်ဟမ်းအသင်းဟာ ဖီအိုရင်တီးနားအသင်းနဲ့ ဇွန်လ ၈ ရက်မှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Ref; DailyMail