၂၀. ၅. ၂၀၂၃
Written By Thandar
ပရိသတ်က ဖွေးစိန်လို့ ချစ်စနိုးနဲ့ခေါ်ကြတဲ့ ထပ်ဆင့်အကယ်ဒမီ ဖွေးဖွေးက ဆိုင်ကလုန်း မုန်တိုင်း မိုခါကြောင့် သဘာဝဘေးအန္တရာယ်ခံစားနေရတဲ့ ဒေသတွေရှိ ပြည်သူတွေကို ထောက်ပံ့လှုဒါန်းဖို့အတွက် အလှူငွေ ကျပ် ၉ သိန်း လှူဒါန်းခဲ့ပါတယ်။
သူမဟာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက သွားရောက် လှူဒါန်းမယ့် အစီအစဥ်မှာ ပါဝင်ပြီး လှူဒါန်းလိုက်တာလည်း ဖြစ်ပါတယ်။
ထပ်ဆင့်အကယ်ဒမီ ဖွေးဖွေးဟာ မြန်မာပြည်သူတွေ ရေဘေး ၊ မီးဘေး စတဲ့ ဘေး အန္တရာယ်တွေ ကြုံတွေ့တိုင်းလည်း အမြဲလိုလိုပါဝင်လှူဒါန်းခဲ့သူလည်းဖြစ်ပါတယ်။
ပြည်တွင်းပြည်ပက အနုပညာရှင်တွေ ၊ စေတနာရှင်ပြည်သူတွေအနေနဲ့လည်း မိုခါမုန်တိုင်းဘေးဒဏ်သင့် ပြည်သူတွေကို လှူဒါန်းချင်တယ်ဆိုရင်လည်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက U Than Htay ဘဏ္ဍာရေးမှူးဆီ K Pay Acc No 09-428555888 ကနေ ပါဝင်ပြီး အဝတ်အထည်၊ အစားအသောက်နဲ့ အလှူငွေတွေ ထည့်ဝင်လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။