၁၉. ၅. ၂၀၂၃
Translated by Htwe Ko Tun
ထိုင်းရဲတပ်ဖွဲ့က ထိုင်းနိုင်ငံအတွင်းသို့ တရုတ်နှင့် ကာဇက်စတန်နိုင်ငံသားများကို ခိုးသွင်းနေသော ထိုင်းလူမျိုးငါးဦးအားဖမ်းဆီးခဲ့ကြောင်း မေလ ၁၈ ရက်တွင် ပြောကြားခဲ့သည်။
ဝန်ချာနာမောင်းချုံး အမည်ရှိ အသက် ၅၃ နှစ်အရွယ် ထိုင်းနိုင်ငံသားတစ်ဦးနှင့် ကြံရာပါလေးဦးက တရုတ်နိုင်ငံသား သုံးဦးနှင့် ကာဇက်စတန်နိုင်ငံသားအမျိုးသမီး တစ်ဦးတိုပါဝင်သော တရားမဝင်ရွှေ့ပြောင်းနေထိုင် လုပ်ကိုင်သူများကို ၎င်းတို၏ကားများတွင် ဝှက်လျက်သယ်ဆောင်ကာ ဖီဆန်နျူလော့ခ်ပြည်နယ်အတွင်း အဝေးပြေးလမ်းတစ်ခုအတိုင်းမောင်းနှင်လာစဉ် ရဲတပ်ဖွဲက ရပ်တန့်စစ်ဆေးရာမှ ဖမ်းမိခဲ့ခြင်းဖြစ်သည်။
လာအိုနယ်စပ်အနီး ယူဘုံ ရတ်ချာသာနီပြည်နယ်တွင် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို စုဆောင်းကာ တက်ခ်ပြည်နယ်အတွင်း မြန်မာနိုင်ငံနှင့်နယ်စပ်အနီးသို့ သယ်ယူပို့ဆောင်ရန် ၎င်းကညွှန်ကြားခဲ့ကြောင်း ဝန်ချာနာက ရဲတပ်ဖွဲ့သို့ ဝန်ခံခဲ့သည်ဟု ဒု-ရဲမှူးကြီး ချန်ချိုင်း အင်နာရာက ပြောခဲ့သည်။
ရဲတပ်ဖွဲ့က အဆိုပါ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများသည် မြန်မာနိုင်ငံသို့ ဦးတည်သွားရောက်ကြခြင်း ဖြစ်ဖွယ်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် ၎င်းတို့က ထိုင်းနှင့်တရုတ်လူမျိုးများကို ပစ်မှတ်ထားသည့် လက်ကိုင်ဖုန်းဖြင့် လှည့်စားငွေညှစ် လိမ်လည်တောင်းသည့် ဂိုဏ်းများတွင် အလုပ်လုပ်ကြလိမ့်မည်ဟု ယူဆရကြောင်း ပြောခဲ့သည်။
တရုတ်နိုင်ငံသား သုံးဦးနှင့် ကာဇက်စတန်နိုင်ငံသားအမျိုးသမီး တစ်ဦးတို့ကို ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုဖြင့်လည်းကောင်း၊ ဝန်ချာနာ မောင်းချုံးနှင့် ကြံရာပါလေးဦးကို ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်သူများအား ကူညီမှုဖြင့်လည်းကောင်း ထိုင်းရဲတပ်ဖွဲ့က တရားစွဲသွားမည်ဖြစ်သည်။
Ref——Khaosod