October 23, 2024

၁၉. ၅. ၂၀၂၃
Written By Thandar

အလှူအတန်းတွေ ရက်ရက်ရောရောလုပ်ဆောင်လာတဲ့ တေးရေး တေးဆို Ah Boy ကတော့ ကျန်းမာရေးမကောင်းတဲ့ ဇနီးသည်ကို ၁၅ နှစ်ကျော် ပြုစုပေးနေတဲ့ ပန်းချီ ဦးဌေးကြည်ဆီက ပန်းချီကားတွေကို ငွေကျပ် ၁၀ သိန်းတန်ဖိုးနဲ့ ဝယ်ယူခဲ့ပါတယ်။

“စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာဆိုတာ ငွေပေးဝယ်လို့မရဘူး ဆိုတာ အသက်ကြီးလာလေ ပိုသိလာလေပါပဲ။ ဘာရယ်မဟုတ်ပါဘူး။ ဒီတိုင်းစဉ်းစားမိတာလေး တစ်ခုမို့ပါ။ ကျွန်တော့်အမျိုးသမီး နှစ်သက်လောက်မယ့် ပန်းချီကားလေး ဝယ်ပေးဖို့ရယ်။ ကျွန်တော်တို့ Amazing Auto Company အနေနဲ့ နိုင်ငံခြားခရီးသွားဖို့ရှိတဲ့အတွက် အလုပ် Partner တွေကို မြန်မာပြည်တွင်းဖြစ် လက်ဆောင်လေးတွေပေးဖို့အတွက် ပန်းချီဆရာ ဦးဌေး ကြည်ဆီကနေ ပန်းချီကား ၁၂ ချပ် (၁၀ သိန်း တန်ဖိုး) သွားရောက်အားပေးဖြစ်ပါတယ်” လို့ အဆိုတော် Ah Boy က ပရိသတ်တွေသိအောင် ပြောလာပါတယ်။

သူဟာ နှစ်ဦးအလှူအနေနဲ့ သူငယ်ချင်းဖြစ်သူ ကြည်သာဟန်နဲ့အတူ ဒန်ပေါက်တွေ လှူဒါန်းခဲ့သလို အမှန်တကယ်လိုအပ်နေတဲ့ နေရာတွေမှာ အလှူအတန်းတွေ လုပ်နေတာလည်းရှိပါတယ်။ မိုခါမုန်တိုင်းကြောင့် ပျက်စီးခဲ့တဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့က မေတ္တာဥယျာဉ်ပညာ့ဒါနပရဟိတ ဘုန်းတော်ကြီးကျောင်းဆောင် ပြန်လည်ပြုပြင်ဖို့အတွက်လည်း လှူဒါန်းခဲ့ပါတယ်။

ဒီအလှူအပါအဝင် မိုခါမုန်တိုင်းဒဏ်သင့်ဒေသတွေအတွက်လည်း သက်ဆိုင်ရာကတစ်ဆင့် သိန်း ၅၀၀ လှူပြီးတော့ လက်ရှိအချိန်အထိ မုန်တိုင်းအတွက် လှူဒါန်းမှူ စုစုပေါင်း သိန်း ၆၀၀ ကျော်အထိ လှူဒါန်းထားပြီးဖြစ်ပါတယ်။ မုန်တိုင်းသင့်ဒေသနဲ့ အခက်အခဲဖြစ်ပေါ်နေတဲ့ မိသားစုတွေကိုလည်း ဆက်လက်ပြီး ထပ်မံလှူဒါန်းသွားမယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *