October 23, 2024

အရက်သောက်ပြီးကားမောင်းမှု‌ကြောင့် အဖမ်းခံခဲ့ရသော ရွေးကောက်ပွဲနိုင် MFP ပါတီ၏ လွှတ်တော်တက်ရတော့မည့်အမတ် နာတီးပတ် ကာလ်ဆက်သာစစ်အား တွေ့ရစဉ်

MT News

Translated by Htwe Ko Tun

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ တရားရုံးတစ်ရုံးက မေ ၁၇ ရက်နံနက်အစောပိုင်းတွင် အရက်သောက်ပြီး ကားမောင်းမှု‌ကြောင့်အဖမ်းခံခဲ့ရသော နာတီးပတ် ကာလ်ဆက်သာစစ် အမည်ရှိ အမျိုးသမီးတစ်ဦးအား ထောင်ဒဏ်နှစ်လနှင့်အတူ ဆိုင်းငံ့ထောင်ဒဏ်နှစ်နှစ်၊ အလုပ်ကြမ်း ၁၂ နာရီနှင့် ဒဏ်ငွေ ဘတ် ၄,၀၀၀ တို့ကို ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။

တရားရုံးက နာတီးပတ်အနေနှင့် မေလ ၁၇ ရက် နံနက် ၃ နာရီ ၂၀ တွင် သတ်မှတ်ပမာဏထက်ပို၍ အရက်သောက်ပြီး ကားမောင်းနှင်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့၍ အပြစ်ပေးခဲ့ခြင်းဟု ပြောခဲ့သည်။

နာတီးပတ်က မေလ ၁၄ ရက်တွင် ရွေးကောက်ပွဲအနိုင်ရခဲ့သော Move Forward Party ၏ အမတ်တစ်ဦးဖြစ်ကာ မကြာမီ အောက်လွှတ်တော်သို့တက်ရောက်ရတော့မည်ဖြစ်သည်။ ၎င်း၏ ပြုမူမိမှုအတွက် နာတီးပတ်က တောင်းပန်မှုပြုခဲ့ကာ ပါတီ၏ရွေးကောက်ခံအမတ်စာရင်းမှ နှုတ်ထွက်ကြောင်းလည်း ကြေညာခဲ့သည်။

နာတီးပတ်အား ရဲအရာရှိများက သံသယရှိ၍ ဖမ်းဆီးခဲ့ပြီးနောက်အစပိုင်းတွင် ၎င်းက အရက်သောက် ပမာဏကို စစ်ဆေးခံရန် ငြင်းဆန်ခဲ့သေးသည်။ သို့သော် နောက်ပိုင်းစစ်ဆေးခံရပြီးနောက်ပိုင်းတွင် ၎င်းက သတ်မှတ်ပမာဏထက်ပို၍ အရက်ကိုသောက်ထားကြောင်း တွေ့ရှိခဲ့ရသည်။

စစ်ဆေးမှုပြုခဲ့ပြီးနောက် ဆိုင်းငံ့ထောင်ဒဏ်ကာလအတွင်း နာတီးပတ်က ခံဝန်ဖြင့်လွှတ်ထားမှုအတွက် ဥပဒေအရာရှိထံလေးလတစ်ကြိမ်အစီရင်ခံ အကြောင်းကြားရမည်ဖြစ်သည်။ထိုင်းနိုင်ငံတွင် အရက်သောက်ကားမောင်းမှုအတွက် တစ်နှစ်ထက်မပိုသောထောင်ဒဏ်(သို့မဟုတ်) ဘတ် ၅၀၀၀ မှ ဘတ် ၂၀၀၀၀ ထိငွေဒဏ် တစ်ခုခုသော်လည်းကောင်း၊ နှစ်ခုစလုံးကိုလည်းကောင်း အပြစ်ပေးနိုင်သည်။

Ref-The Thaiger

Leave a Reply

Your email address will not be published. Required fields are marked *