MT News
Written by Nay Moe
မဟာစည်သာ့သနာရိပ်သာလမ်းအတွင်းရှိ မြေကွက်နေရာအား ရွှေတောင်ကြားကဲ့သို့ အကောင်အထည် ဖော်မည့် တော်ဝင်နွေဦးအိမ်ရာစီမံကိန်းအတွက် မြေတစ်ကွက် ဒေါ်လာ ၇၂၀၀၀ မှ စတင်ရောင်းချမည်ဟု NUG ၏ The End of Dictatorship က အောက်တို ဘာ ၁၅ ရက်တွင် ကြေညာထားသည်။
Royal Spring (တော်ဝင်နွေဦး) စီမံကိန်းသည် ရန်ကုန်မြို့၏ အလယ်ဗဟိုကျသော ဗဟန်းမြို့နယ်တွင် တည်ရှိပြီး ရွှေတိဂုံစေတီတော်၊ Spring Inya မှ Inya Walk၊ ကန်တော်ကြီးဝန်းကျင်မှ Spring Memorial Park တို့နှင့် နီးကပ်စွာရှိသော နေရာဖြစ်သည်။
အစားထိုးဖေါ်ထုတ်ရန် ပြန်ရှာ၍မရနိုင်သော နေရာမျိုးဖြစ်ပြီး ရွှေတောင်ကြား ဝင်ဒါမီယာကဲ့သို့ ဆိတ်ငြိမ် လူနေရပ်ကွက်အဖြစ် ဖန်တီးဖေါ်ထုတ်သွားမည် ဖြစ်ပြီး လူနေအိမ်ရာ ပေ ၆ဝ x ပေ ၈၀ အကွက်ပေါင်း ၄၀ နှင့် ပေ ၄၀ x ပေ ၆၀ အကွက်ပေါင်း ၁၂၀ ရောင်းချပေးနိုင်မည်ဖြစ်သည်။ ပေ ၆ဝ x ပေ ၈၀ အကွက်အတွက် ဒေါ်လာ ၁၃၅၀၀၀ စျေးသတ်မှတ်ထားပြီး ၄၀ နှင့် ပေ ၄၀ x ပေ ၆၀ အကွက်အတွက် တစ်ကွက် ဒေါ်လာ ၇၂၀၀၀ သတ်မှတ်ထားကာ ဝယ်ယူလိုသူများမှာ သတ်မှတ်တန်ဖိုး၏ ၄၀ ရာခိုင်နှုန်းအား လက်ငင်းပေးချေရမည်ဖြစ်သည်။
”အိမ်ရာမြေကွက်တွေအပြင် Public Area တွေ၊ ဦးချစ်မောင်လမ်းဘက်အတွက် ဈေးနေရာ ဖန်တီးပေးခြင်းအပြင် အဝင်အထွက်လမ်းတွေကို သွားလာရေးလွယ်ကူစေဖို့ ဆက်စပ်ပေးတာတွေ လုပ်ပေးသွားပါမယ်” ဟု The End of Dictatorship က ဆိုသည်။
ပြည်ပရောက်ရှိနေပြီး အွန်လိုင်းပေါ်အခြေပြုကာ စင်ပြိုင်အစိုးရအဖြစ် ကိုယ့်ကိုယ်ကိုယ် အသိအမှတ်ပြုထားသည့် NUG အနေဖြင့် မြန်မာနိုင်ငံ ရန်ကုန်နှင့် မန္တလေးမြို့မှမြေကွက်များအား အွန်လိုင်းမှ ခွဲခြမ်းစိတ်ဖြာရောင်းချခြင်းဖြင့် ဒေါ်လာသန်းချီ ရရှိနေသည်ဟု ကြေညာထားသော်လည်း မြေကွက်ဝယ်ယူသူများမှာမူ မည်သည့်ပိုင်ဆိုင်မှုမျှ ရရှိထားမှုမရှိသေးကြောင်းလည်း သိရသည်။