October 23, 2024

MT News

Written by Ye Kyaw

မိုခါမုန်တိုင်း သက်ရောက်မှုခံခဲ့ရသည့် လုပ်ငန်းရှင်များအတွက် SME/MSME ချေးငွေများကို ပုံမှန်ချေးငွေသက်တမ်းထက် တစ်နှစ်ပိုမိုခံစားခွင့်ဖြင့် အမြန်ဆုံးလျှောက်ထားနိုင်ကြောင်း ဧရာဝတီဘဏ်က မေလ ၁၈ ရက်တွင် ကြေညာထားသည်။

“SME member ကတ်တော့ရှိရမယ်။ လုပ်ငန်းရှိရမယ်။ အခုဒီချေးငွေလေးကတော့ ရခိုင်အတွက်ပဲ။ အဓိက မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ လုပ်ငန်းရှင်တွေအတွက်ပေါ့။ ဒီ မိုခါမုန်တိုင်းအတွက်ကျတော့ ချေးငွေသက်တမ်းက နှစ်နှစ်ပေါ့။ ပုံမှန်ချေးပေးနေတဲ့ ချေးငွေသက်တမ်းကတော့ အများဆုံး တစ်နှစ်ပဲချေးယူလို့ရတာ။ အပေါင်ပစ္စည်းပါရင် သိန်း ၃၀၀ နဲ့ မပါရင်တော့ သိန်း ၁၀၀ ထုတ်ချေးပေးမှာပါ” ဟု ဧရာဝတီဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မိုခါမုန်တိုင်း၏ သက်‌ရောက်မှုကြောင့် လုပ်ငန်းဆက်လက်လည်ပတ်ရန် အခက်အခဲကြုံနေသော အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းရှင်များအား လုပ်ငန်းပြန်လည် လည်ပတ်နိုင်ရန်အတွက် AYA Micro Loan (Emergency ချေးငွေ) လျှောက်ထားရာ​တွင် ချေးငွေသက်တမ်း တစ်နှစ်အတွက် တစ်နှစ်လျှင် အတိုးနှုန်း ၁၀ ဒသမ ၅ ရာခိုင်နှုန်းနှင့် ချေးငွေသက်တမ်း နှစ်နှစ်အတွက် တစ်နှစ်လျှင် အတိုးနှုန်း ၉ ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *