October 22, 2024

၁၉. ၅. ၂၀၂၃
Written By Thandar

လတ်တလောဖြစ်ပေါ်နေတဲ့ ရခိုင်ပြည်နယ် မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူတွေအတွက် ငွေကျပ် သိန်း ၁၀၀ ကို ဝတ်မှုန်ရွှေရည်က လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

မိုခါမုန်တိုင်းဘေးဒဏ်သင့်ပြည်သူတွေအတွက် လိုအပ်တဲ့နေရာတွေမှာ အသုံးပြုနိုင်ဖို့ ထပ်ဆင့် အကယ်ဒမီနေတိုးက တစ်ဆင့် ပေးအပ်လှူဒါန်းခဲ့တာလည်း ဖြစ်ပါတယ်။

ဝတ်မှုန်ရွှေရည် လှူဒါန်းလိုက်တဲ့ ငွေကြေး သိန်း ၁၀၀ ကို ရခိုင်ပြည်နယ်ရှိ ပြိုင်းချောင်း၊ ကျောက်တော်မြို့နယ်၊ ပြောင်းထိပ်၊ ရွှေရောင်စုံပရဟိတစာသင်တိုက်၊ ပိချောင်း/သဲပုံရွာ၊ ပုဏ္ဏားကျွန်း /ဝမ်းဒီးကျေးရွာ၊ ကျောက်တော်မြို့နယ် လမုကျေးရွာ၊ ရသေ့တောင်၊ ပန်းဇင်းမော်ကျေးရွာ၊ ပြိုင်းချောင်းကျောင်းဟောင်း ဆရာတော်၊ အောက်ယွန်းချောင်း/ ကျောက်တော်နေရာတွေမှာ လှူဒါန်းသွားမယ်လို့ သိရပါတယ်။

ထပ်ဆင့် အကယ်ဒမီဝတ်မှုန်ရွှေရည်က မြန်မာပြည်အတွင်း ရေဘေး၊ မီးဘေး၊ နာဂစ်ဘေးအပြင် ‌ဘေးအန္တရာယ်ကြုံတွေ့နေတဲ့နေရာကို မကြာခဏဆိုသလို ငွေကြေးနဲ့ လိုအပ်တာတွေ လှူဒါန်းပေးလျှက်ရှိသူလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *