October 22, 2024

MT News
၁၉. ၅. ၂၀၂၃

ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဝင်ရောက်တိုက်ခိုက်မှုကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် စုစုပေါင်းပျက်စီးဆုံးရှုံးမှုနှင့် သေဆုံးမှုမှာ လူနေအိမ် ၁၈၃၀၂၄ လုံးနှင့် သာသနိကအဆောက်အဦ ၁၇၁၁ လုံးအပြင် ဒေသခံပြည်သူ သေဆုံးမှု ၅၄ ဦးအထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။

မေလ ၁၄ ရက်တွင် ဆိုင်ကလုန်းမုန်တိုင်းမိုခါ တိုက်ခိုက်မှုကြောင့် မေလ ၁၈ ရက်နေ့ မွန်းလွဲပိုင်းထိရရှိသော စာရင်းများအရ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ရပ်ကွက်/ကျေးရွာ ၄၄ ရွာမှ လူနေအိမ် ၁၂ လုံး၊ သာသနိကအဆောက်အဦ ၃ လုံး၊ ဘုန်းတော်ကြီးကျောင်း ၁ ကျောင်း၊ စာသင်ကျောင်း ၃ ကျောင်း၊ လေဆိပ်အဆောက်အဦ ၁ ခု၊ ဓာတ်မီးတိုင် ၈ တိုင်၊ ထရန်စဖော်မာ ၁ လုံး၊ ဌာနဆိုင်ရာအဆောက်အဦ ၁ လုံး၊ အုတ်နံရံ ၁ ခု၊ ချင်းပြည်နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ၂၄ ရွာမှ လူနေအိမ် ၁၂၉ လုံး၊ သာသနိက အဆောက်အဦ ၁ လုံး၊ ဘုန်းတော်ကြီးကျောင်း ၂ ကျောင်း၊ စာသင်ကျောင်း ၁ ကျောင်း၊ ဆေးရုံ/ဆေးခန်း ၂ ခု၊ ဓာတ်မီးတိုင် ၄ ခု၊ ဌာနဆိုင်ရာ အဆောက်အဦ ၃၀ ခု၊ ဘောလုံးကွင်း ၁ ကွင်း ပျက်စီးဆုံးရှုံးခဲ့သည်။

ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာ ၂၃ ရွာ၊ လူနေအိမ် ၃ လုံး၊ ဆက်သွယ်ရေးတာဝါတိုင် ၆ တိုင်၊ ဓာတ်မီးတိုင် ၂ တိုင်၊ ထရန် စဖော်မာ ၁ လုံး၊ အုတ်တံတိုင်း/နံရံ ၂၆ ခု၊ တံတား ၃ စင်း၊ ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ရပ်ကွက်/ကျေးရွာ ၇၂ ရွာမှ လူနေအိမ် ၁၁၃ လုံး၊ ဆက်သွယ်ရေးတာဝါတိုင် ၂ တိုင်၊ ဓာတ်မီးတိုင် ၁ တိုင် ပျက်စီးကာ မကွေးတိုင်းဒေသကြီးတွင် ရပ်ကွက်/ ကျေးရွာများမှ ၃၄ ရွာမှ လူနေအိမ် ၄ လုံး၊ ဓာတ်မီးတိုင် ၁၄ တိုင်၊ အုတ်တံတိုင်း/နံရံ ၆၇ ခု၊ ရာသီသီးနှံစိုက်ခင်း ၁၅၆ ခင်း၊ တံတား ၁ စင်းနှင့် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ရပ်ကွက်/ကျေးရွာ ၁ ရွာမှ သာသနိကအဆောက် အဦ ၄ ခု အပြင် မွန်ပြည်နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာ ၄ ရွာမှ လူနေအိမ် ၁ လုံး၊ ဘုန်းတော်ကြီးကျောင်း ၁ ကျောင်း၊ စာသင်ကျောင်း ၁ ကျောင်း၊ ဓာတ်မီးတိုင် ၁၄ တိုင် ပျက်စီးခဲ့သည်။

ထို့အပြင် ရခိုင်ပြည်နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ မြို့နယ် ၁၇ မြို့ နယ်မှ လူနေအိမ် ၁၈၂၅၉၈ လုံး၊ ရုံး ၃၀၀ ၊ စာသင်ကျောင်း ၁၃၅၂ လုံး၊ ဆေးရုံ၊ ဆေးခန်း ၂၂၀ လုံး၊ ဘာသာရေးအဆောက်အဦ ၁၇၀၁ လုံး၊ အခြား ပျက်စီးမှု ၁၀၁၄ ခုဖြင့် အများဆုံးပျက်စီးခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာ ၆၅ ရွာမှ လူနေအိမ် ၃၁ လုံး၊ သာသနိကအဆောက်အဦ ၁ လုံး၊ ဘုန်းတော်ကြီးကျောင်း ၁ ကျောင်း၊ စာသင်ကျောင်း ၇ ကျောင်း၊ ဆက်သွယ်ရေး တာဝါတိုင် ၂ တိုင်၊ ဓာတ်မီးတိုင် ၆၀ တိုင်၊ ထရန်စဖော်မာ ၂ လုံး၊ ဌာနဆိုင်ရာ အဆောက်အဦ ၆ လုံး၊ ဘောလုံးကွင်း ၂ ကွင်း၊ အုတ်တံတိုင်း/နံရံ ၃၄ ခု ပျက်စီးခဲ့သည်ဟု သိရသည်။

အထက်ပါပျက်စီးမှုများအပြင် ရှမ်းပြည်နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ၁ ရွာမှ လူနေအိမ် ၂ လုံး၊ ဘုန်းတော်ကြီး ကျောင်း ၁ ကျောင်း၊ စာသင်ကျောင်း ၁ ကျောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာ ၁၁၄ ရွာမှ လူနေအိမ် ၁၃၁ လုံး၊ သာသနိကအဆောက်အဦ ၁ လုံး၊ ဘုန်းတော်ကြီးကျောင်း ၅ ကျောင်း၊ စာသင်ကျောင်း ၃၂ ကျောင်း၊ ဆေးရုံ/ ဆေးခန်း ၅ ခု၊ ဓာတ်မီးတိုင် ၉ တိုင်၊ ဌာနဆိုင်ရာအဆောက်အဦ ၃ လုံး၊ အခြား ပျက်စီးမှု ၄ ခု ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

သို့ဖြစ်၍ မေလ ၁၈ ရက်နေ့ မွန်းလွဲပိုင်းအထိ ရရှိသောစာရင်းများအရ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် စုစုပေါင်း ပျက်စီးဆုံးရှုံးမှုနှင့် သေဆုံးမှုမှာ လူနေအိမ် ၁၈၃၀၂၄ လုံး၊ သာသနိက အဆောက်အဦ ၁၇၁၁ လုံး၊ ဘုန်းတော်ကြီးကျောင်း ၅၉ ကျောင်း၊ စာသင်ကျောင်း ၁၃၉၇ ကျောင်း၊ ဆေးရုံ/ ဆေးခန်း ၂၂၇ ခု၊ ဆက်သွယ်ရေးတာဝါတိုင် ၁၁ ခု၊ ဓာတ်မီးတိုင် ၁၁၉ တိုင်၊ ထရန်စဖော်မာ ၅ ခု၊ ဈေး ၁ ခု၊ လေဆိပ် ၂ ခု၊ ဌာနဆိုင်ရာ အဆောက်အဦ ၃၄၀ လုံး ပျက်စီးခဲ့ပြီး ဒေသခံပြည်သူ ၅၄ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *