October 22, 2024

၁၈. ၅. ၂၀၂၃
Written by Peya

MAI လေကြောင်းလိုင်းနှင့် Air KBZ လေကြောင်းလိုင်းတို့ ယနေ့မှစတင်ကာ စစ်တွေမြို့သို့ လေကြောင်းခရီးစဉ် ပြန်လည်ပြေးဆွဲပေးနေပြီဖြစ်ကြောင်း အဆိုပါ လေကြောင်းလိုင်းများထံက စုံစမ်း သိရှိရသည်။

ယနေ့တွင် စစ်တွေမြို့သို့ ပြန်လည် ပြေးဆွဲရာ၌ ခရီးသည်များအနေဖြင့် ခရီးသွားများအတွက် အာဏာပိုင်များက ချမှတ်ထားသော စည်းကမ်းချက်များကို လိုက်နာရမည် ဖြစ်ကြောင်း AIR KBZ က သတင်းထုတ်ပြန်ထားသည်။

AIR KBZ လေကြောင်းလိုင်းကို ဆက်သွယ်မေးမြန်းရာ “ဒီနေ့ကစပြီး ပြန်ဆွဲတာ ဟုတ်ပါတယ်။ အချိန်ကတော့ ညနေပိုင်းကနေ မနက်ပိုင်း ဖြစ်သွားပါတယ်” ဟု ပြန်လည်ဖြေကြားသည်။

MAI နှင့် Air KBZ တို့ အနေဖြင့် စစ်တွေမြို့အတွက် မရှိမဖြစ်လိုအပ်သော ကုန်စည်များကို လျင်မြန်စွာ ရွှေ့ပြောင်းနိုင်ရန်အတွက် လိုအပ်သော လေကြောင်းကုန်စည်ပို့ဆောင်မှုကို အခမဲ့ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းလည်း အဆိုပါ လေကြောင်းလိုင်းထံက သိရသည်။

“ဒါဟာ လိုအပ်နေသူတွေကို အရေးပေါ် ကယ်ဆယ်ရေး ပံ့ပိုးပေးရာမှာ ထပ်ပြီး အထောက်အကူပြုမှာ ဖြစ်ပါတယ်” ဟု အဆိုပါ လေကြောင်းလိုင်းက ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *