October 23, 2024

၁၈. ၅. ၂၀၂၃
Written By Thandar

ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေအတွက် အထောက်အကူပြုစေဖို့ ရည်ရွယ်ပြီး TILOG-LOGISTIX 2023 Road Show ပွဲကို မေ ၁၈ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Novotel Hotel မှာ ကျင်းပခဲ့ပါတယ်။

ဒီအခမ်းအနားကို မြန်မာနိုင်ငံက Logistic လုပ်ငန်းပိုင်းဆိုင်ရာ လုပ်ငန်းရှင်တွေနဲ့အတူ အနုပညာရှင်ဖြစ်တဲ့ Everest Moe တို့ တက်ရောက်ခဲ့ပါတယ်။

“မြန်မာနိုင်ငံမှာ ကုန်စည်ပို့ဆောင်ရေးအတွက် လိုအပ်ချက်ကတော့ လူသားအရင်းအမြစ်ပေါ့နော်။ လုပ်ငန်းမှာ ကျွမ်းကျင်တဲ့ဝန်ထမ်းတွေ၊ ကျွမ်းကျင်တဲ့သူတွေ အများကြီးလိုအပ်နေပါသေးတယ်။ အဲဒီအတွက် အသင်း ကနေမှ သင်တန်းကျောင်းတွေလုပ်ထားပါတယ်။ အဲဒီမှာ လူသားအရင်းအမြစ်အတွက်ကို အဓိကထားပြီးတော့ လုပ်ဆောင်ပါတယ်။ ကျန်တဲ့သယ်ယူပို့ဆောင်ရေးပိုင်းမှာဆိုရင် နိုင်ငံတကာနဲ့ယှဥ်ရင် အထူးသဖြင့် Digitalization အပိုင်းမှာတော့ သူတို့လိုအပြည့်အဝမသုံးနိုင်သေးဘူး။ ဒါပေမဲ့ လုပ်ငန်းပိုင်းဆိုင်ရာအနေနဲ့ ပြောမယ်ဆိုရင် ကျွန်မတို့ သယ်ယူပို့ဆောင်ရေးအပိုင်းက နိုင်ငံတကာနဲ့ယှဥ်ရင် အခုတော့ ဝန်ဆောင်မှုတွေ ပေးနိုင်ပါတယ်”လို့ မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဒေါက်တာအေးအေးက ပြောပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့က Hall 98, BITEC မှာ ဩဂုတ်လ ၁၇ ရက်နေ့ကနေ သြဂုတ်လ ၁၉ ရက်အထိ ကျင်းပမယ့် TILOG-LOGISTIX 2023 ပွဲမှာ ပြသမဲ့ သယ်ယူပို့ဆောင်ရေး၊ စာရင်းစီမံခန့်ခွဲမှု၊ ပစ္စည်းကိုင်တွယ်မှု၊ ဂိုဒေါင် စီမံခန့်ခွဲမှုနဲ့ ထုပ်ပိုးမှုတွေအကြောင်း ရှင်းပြခဲ့ပါတယ်။ အထူးသဖြင့် ပြည့်စုံတဲ့ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ စီမံခန့်ခွဲမှုစနစ်တွေနဲ့ အတူ Logistic Companies တွေနဲ့ SME Companies တွေအတွက် Logistic လုပ်ငန်းဆိုင်ရာ စီမံခန့်ခွဲမှု နည်းပညာတွေကို ဖြေရှင်းမှုဆိုင်ရာလုပ်ငန်းကိုလည်း ကျွမ်းကျင်သူတွေက နှီးနှောဖလှယ်မျှဝေမှာဖြစ်ပါတယ်။ အဲဒါကြောင့် နိုင်ငံတကာနဲ့ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေအတွက် အထောက်အကူပြုမယ့် TILOG-LOGISTIX 2023 ပွဲကို မြန်မာနိုင်ငံက လုပ်ငန်းရှင်တွေ ပါဝင်တက်ရောက်ဖို့ ဖိတ်ခေါ် ခဲ့ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *