October 23, 2024

ဓာတ်ပုံ - ပြည်သာယာလူငယ် လူမှုကူညီရေးအသင်း

၁၇. ၅. ၂၀၂၃

Written by Hey Mar

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့တွင် ညအချိန်ယာဥ်တစ်စီးအားတိုက်ပြီးမောင်းပြေးသည့် မြေသယ်ကား အရှိန်လွန်ကာ ချောက်ထဲပြုတ်ကျသဖြင့် ယာဥ်မောင်းသေဆုံးသည့်ဖြစ်စဥ် မေလ ၁၆ ရက် ညက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ မိတ္ထီလာမြို့နယ် မုန်တိုင်ကျေးရွာအုပ်စု၊ လဲတောကျေးရွာအနီး၊ မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်းမကြီးတွင် မေလ ၁၆ ရက် ည ၉ နာရီ ၃၀ မိနစ်ခန့်က မြေသယ်ကားတစ်စီး ချောက်အတွင်းကျနေကြောင်း တယ်လီဖုန်းဆက်သွယ် အကြောင်းကြားချက်အရ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် မိတ္ထီလာမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သူနာတင်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မြေသယ်ယာဥ်သည် Alphard ယာဥ်ကို ပွတ်တိုက်မိပြီး မောင်း​နှင်ပြေးသဖြင့် အဆိုပါယာဥ်နောက်မှ ဖြေရှင်းရန်လိုက်လံတားဆီးကြရာတွင် မုန်တိုင်ရွာအကျော်တံတားနားအရောက် မြေသယ်ယာဥ်မှ Express ကားကို ကျော်တက်စဥ် လမ်းကျဉ်းသဖြင့် ဘီးချော်ကာ ချောက်ထဲကျသွားခြင်းဖြစ်ကြောင်း ပြည်သာယာလူငယ် လူမှုကူညီရေးအသင်းမှတာ၀န်ရှိသူထံမှသိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ၃ ဦးအနက်မှ ယာဥ်မောင်းသူကျား(၁)ဦး (သေဆုံး)ပြီး ကျန် ၂ ဦးမှာထွက်ပြေးခဲ့ကြောင်း သိရသည်။ သေဆုံးရုပ်အလောင်းအား ပြည်သာယာလူမှုကူညီရေးအသင်းမှ မိတ္ထီလာပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ရသည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *