October 23, 2024

ဓာတ်ပုံ -ရောင်စုံမေတ္တာ ပရဟိတ အသင်း

MT News

Written by Hey Mar

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ဝါဂွမ်းကျေးရွာတွင် မေလ ၁၆ ရက် ည ၁၂နာရီဝန်းကျင်အချိန်က အသက် ၄၆ နှစ်အရွယ်အမျိုးသားတစ်ဦး မိမိနေအိမ်အတွင်းဆွဲကြိုးချသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ရောင်စုံမေတ္တာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက MT News သို့ပြောသည်။

“သက်ဆိုင်ရာအဖွဲ့အစည်းတွေက ရုပ်အလောင်းလာသယ်ပေးဖို့ အကူအညီတောင်းတာမို့ ကျွန်တော်တို့အဖွဲ့က မနက် အစော ၁ နာရီဝန်းကျင်လောက် ရောက်သွားပါတယ်။ သူ့အိမ်က အိမ်သားတွေ ပြောပြတာတော့ ပြဿနာ စိတ်ညစ်စရာ ကြီးကြီးမားမားပဲ မရှိဘဲ ဖြစ်သွားတဲ့ပုံ ပြောတာပေါ့နော်။ ပလပ်စတစ်ကြိုးနဲ့ အိမ်ထုပ်တန်းကနေ ကြိုးဆွဲချသွားတာပါ”ဟု ဆိုသည်။

သေဆုံးသူမှာ အိမ်ထောင်ဦးစီးတစ်ဦးဖြစ်ပြီး ရပ်ရွာအတွင်း လူချစ်လူခင်များသူဟု သိရသည်။ အိမ်တွင် မိသားစု လေးဦးနေထိုင်ပြီး အိမ်အောက်ထပ်တွင် ဇနီးနှင့် သမီး နှစ်ဦး ရုပ်သံအစီအစဥ်များကြည့်ရှုနေစဥ် ဖြစ်စဥ်ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သက်ဆိုင်ရာ အဖွဲ့အစည်းများမှ လိုအပ်သည့် ဆေးစစ်ချက်များ ရယူနိုင်ရန်အတွက် ရုပ်အလောင်းကို မကွေးတိုင်းပြည်သူ့ဆေးရုံကြီးရင်ခွဲရုံသို့ ရောင်စုံမေတ္တာ ပရဟိတ အသင်းပိုင် သူနာတင်ယာဥ်ဖြင့် အခမဲ့ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *