October 23, 2024

၁၈. ၅. ၂၀၂၃
Written by Pan Ei

ထိုင်းနိုင်ငံတောင်ပိုင်းက စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဟာ သူ့ရဲ့ ကျန်းမာရေးကောင်းမွန်ခြင်း လျှို့ဝှက်ချက်ဟာ မိကျောင်းသွေးကို တစ်နေ့နှစ်ကြိမ် အရက်နဲ့ ရောစပ်သောက်ခြင်းဖြစ်တယ်လို့ ထိုင်းမီဒီယာတွေမှာ ဖော်ပြခဲ့ရာမှာတော့ အင်တာနက်အသုံးပြုသူတွေကြားမှာ ပျံ့နှံ့သွားခဲ့ပါတယ်။

ထိုင်းနိုင်ငံ ထရန်ပြည်နယ်က အသက် ၅၂ နှစ်အရွယ် ရိုဂျာခွန် နာနွန်လို့ခေါ်တဲ့ အမျိုးသားတစ်ဦးဟာ ထိုင်းအဖြူရောင်စိတ်ဝိညာဉ်လို့ လူသိများတဲ့ Lao Khao အရက်နဲ့အတူ မိကျောင်းသွေး ရောစပ်ထားတဲ့ ကော့တေးလ်တစ်ခွက်နဲ့ သူ့ရဲ့ တစ်နေ့တာကို စတင်ပြီး အိပ်ရာမဝင်မီမှာလည်း တစ်ခွက်သောက်သုံးတယ်လို့ သူက ဆိုပါတယ်။

အဆိုပါအမျိုးသားဟာ အရင်က ရုပ်ပိုင်းဆိုင်ရာ အားနည်းပြီး မောပန်းနွမ်းနယ်တတ်ခဲ့ပေမဲ့ မိကျောင်းသွေးကို စတင်သောက်တဲ့အချိန်ကစပြီး အခြေအနေတွေ ကောင်းမွန်လာခဲ့တယ်လို့ သူကဆိုပါတယ်။

ဒါ့အပြင် မိကျောင်းသွေးဟာ ခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်းများစွာနဲ့ သွေးလှည့်ပတ်မှုကို ကောင်းမွန်စေတဲ့အပြင် အာရုံကြောစနစ်အတွက်ပါ သင့်တော်တယ်လို့ သူက ယုံကြည်နေပါတယ်။

သူဟာ ထရန်ပြည်နယ်ရဲ့ မိကျောင်းမွေးမြူရေးအဖွဲ့ဥက္ကဋ္ဌဖြစ်တဲ့ ဘန်ဖိုခရိုင်ရှိ မိကျောင်းမွေးမြူရေးခြံပိုင်ရှင် အသက် ၅၃ နှစ်အရွယ် ဝမ်ချိုင်း ချိုင်ခက်ဒ် ဆီက မိကျောင်းသွေးကိုရှိတာ ဖြစ်ပါတယ်။ အဆိုပါ မိကျောင်းသွေးနဲ့ ဖျော်စပ်ထားတဲ့ ကော့တေးလ်ကို ရိုဂျာခွန် နာနွန်က လွန်ခဲ့တဲ့ နှစ်လကတည်းက သောက်သုံးနေခဲ့တာဖြစ်ပြီး တစ်ခွက်ကို ဘတ် ၂၀၀ မှ ၃၀၀ (မြန်မာငွေ ၁သောင်းခွဲဝန်းကျင်) ကျသင့်ပါတယ်။

မိကျောင်းမွေးမြူရေးခြံပိုင်ရှင်ဖြစ်တဲ့ ဝမ်ချိုင်း ချိုင်ခက်ဒ် ကလည်း မိကျောင်းသွေးနဲ့ ဖန်တီးထားတဲ့ အဆိုပါ ကော့တေးဟာ သွေးလှည့်ပတ်မှုကို အထောက်အကူပြုကြောင်း၊ သွေးနီဥတွေကို အားကောင်းစေကာ သွေးဥဆဲလ် အရေအတွက်နဲ့ သွေးဖြူဥဆဲလ်တွေကို တိုးပွားလာစေပြီး မျိုးမပွားနိုင်ခြင်းရောဂါတွေပါ ပျောက်ကင်းစေနိုင်တယ်လို့ ဆိုပါတယ်။

အားအပြင်းဆုံးအရွယ်ဖြစ်တဲ့ အသက်သုံးနှစ်ကနေ လေးနှစ်ကြားရှိ မိကျောင်းတွေဆီက သွေးက အစွမ်းထက်ဆုံး အာနိသင်ရှိတာကြောင့် သူတို့ဆီက သွေးကို အဓိက ထုတ်ယူပြီး တိရစ္ဆာန်တစ်ကောင်ဟာ သွေး ၁၀၀ စီစီခန့်သာ ထုတ်ယူနိုင်ပေမဲ့ အဆိုပါပမာဏဟာ ဖန်ခွက်နှစ်ခွက်အတွက် လုံလောက်ပါတယ်။

Ref; Thaiger

Leave a Reply

Your email address will not be published. Required fields are marked *