October 23, 2024

MT News

Written by Nay Aung

မြန်မာနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံအကြား လေကြောင်းတိုက်ရိုက်ပျံသန်းပြေးဆွဲမှုများ လုပ်ဆောင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာသံအမတ်ကြီးသည် ပြီးခဲ့သောရက်ပိုင်းတွင် Myanmar Airways International MAI တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး နှစ်နိုင်ငံကြားလေကြောင်းတိုက်ရိုက်ပျံသန်းနိုင်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

သီရိလင်္ကာသံအမတ်ကြီးက ရန်ကုန်မြို့နှင့် ကိုလံဘိုမြို့အကြား လေကြောင်းတိုက်ရိုက်ပျံသန်းရေးအပြင် မြန်မာနိုင်ငံ ရန်ကုန်-အိန္ဒိယနိုင်ငံ ချန်နိုင်းမြို့နှင့် ကိုလံဘိုမြို့တို့အကြား သုံးနိုင်ငံ လေကြောင်းတိုးချဲ့ပျံသန်းရန် အစီအစဉ်များကို အဆိုပြုဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာ သံအမတ်ကြီးသည် ရန်ကုန်မြို့နှင့်ကိုလံဘိုမြို့ကြား လေကြောင်းတိုက်ရိုက်ပျံသန်းမှုများကို လာမည့်သြဂုတ်လအတွင်း စတင်စီစဉ်ဆောင်ရွက်ရန် သဘောတူညီခဲ့ကြောင်း သိရသည်။

လေကြောင်းတိုက်ရိုက်ပျံသန်းခြင်းများက မြန်မာနှင့် သီရိလင်္ကာနိုင်ငံကြား ခရီးသွားလုပ်ငန်းကိုတိုးမြင့်နိုင်ရန် တိုးတက်ကောင်းမွန်မှုများဖြစ်လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် သီရိလင်္ကာသံအမတ်ကြီးသည် ကိုလံဘို-ရန်ကုန်၊ ဗုဒ္ဒဂါယာ သို့မဟုတ် ကိုလံဘို-ရန်ကုန်- ခတ္တမန္ဒူ မြို့များသို့ တိုက်ရိုက်ချိတ်ဆက်မည့် လေကြောင်းပျံသန်းမှုများ လုပ်ဆောင်ရန် အဆိုပြုကမ်းလှမ်းမှုများလည်းရှိခဲ့ကြောင်း သိရသည်။

ထို့အတွက် လေကြောင်းတိုက်ရိုက်ပျံသန်းရေးနှင့်ပတ်သက်ပြီး သဘောတူညီမှုများရရှိမည်ဟု သိရီလင်္ကာဘက်က မျှော်လင့်နေကြောင်း သိရသည်။ သီရိလင်္ကာနှင့် မြန်မာနိုင်ငံကြား လေကြောင်းတိုက်ရိုက်ပျံသန်းပြေးဆွဲရန် အဆိုပြုချက်များကို နှစ်နိုင်ငံစလုံး၏အဆင့်မြင့်အရာရှိကြီးများ ဆွေးနွေး မှုများတွင် ထပ်မံဆွေးနွေးရဖွယ်ရှိနေကြောင်း သိရသည်။

Ref——–dailynews

Leave a Reply

Your email address will not be published. Required fields are marked *