October 23, 2024

MT News

မေလ ၁၄ ရက်တွင် တိုက်ခတ်ခဲ့သည့် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါတိုက်ခတ်မှုကြောင့် မေလ ၁၇ ရက် မွန်းလွဲပိုင်းအထိ စာရင်းများအရ လူနေအိမ် ၄၅၀၀၀ ခန့် ပျက်စီးပြီး လူသေဆုံးမှု ၄၈ ဦးအထိ မြင့်တက်လာကြောင်း SAC ၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။

ဆိုင်ကလုန်းမုန်တိုင်းမိုခါ ဝင်ရောက်တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများမှာ မေလ ၁၇ ရက် မွန်းလွဲပိုင်းအထိ တိုင်းဒေသကြီး/ပြည်နယ်များရှိ ရပ်ကွက်/ကျေးရွာ ၁,၀၆၈ ရွာမှ လူနေအိမ် ၄၄,၉၂၈ လုံး၊ သာသနိက အဆောက်အဦ ၃၆၇ လုံး၊ ဘုန်းတော်ကြီးကျောင်း ၅၉ ကျောင်း၊ စာသင်ကျောင်း ၄၃၉ ကျောင်း၊ ဆေးရုံ/ဆေးခန်း ၅၉ ခု၊ ဆက်သွယ်ရေးတာဝါတိုင် ၁၁ ခု၊ ဓာတ်မီးတိုင် ၁၁၉ တိုင်၊ ထရန်စဖော်မာ ၅ ခု၊ ဈေး ၁ ခု၊ လေဆိပ် ၂ ခု၊ ဌာနဆိုင်ရာ အဆောက်အဦ ၁၅၈ လုံး ပျက်စီးခဲ့ပြီး ဒေသခံပြည်သူ ၄၈ ဦးသေဆုံးခဲ့သည်ဟု သိရသည်။

လက်ရှိအချိန်တွင် အဆိုပါပျက်စီးမှုများအနက် ရခိုင်ပြည်နယ်ပြန်လည်ထူထောင်ရေးအတွက် ကျပ်သိန်းပေါင်း ၇၀၀၀၀ ကို SAC ဥက္ကဋ္ဌက ရခိုင်ပြည်နယ်အစိုးရသို့ ပေးအပ်ထားပြီး ထိခိုက်ပျက်စီးခဲ့သည့် စာသင်ကျောင်းများ၊ သာသနိကအဆောက်အအုံများနှင့် ပုဂံရှေးဟောင်းအမွေအနှစ်ဒေသမှ ဘုရားပုထိုးများ ဘေးဒဏ်သင့်ပြည်သူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဥ်များကို စနစ်တကျကူညီပေးနေသကဲ့သို့ အာဆီယံနှင့် နိုင်ငံတကာ၏ အကူအညီများကိုလည်း လက်ခံရယူထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *