October 24, 2024

၁၈. ၅. ၂၀၂၃
Written by Hey Mar

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပိတ်ချင်းမြှောင်လိုဏ်ဂူအနီးရှိ တောင်ပုလတောင်တော်တွင် ဒူးရင်းသီးစတုဒိသာပွဲတော်ကို လာမည့် မေ၂၁ ရက်၌ ပြုလုပ်မည်ဖြစ်ကြောင်း တောင်ပုလဆရာတော် အရှင်ပညာဘောဂမှ မိန့်ကြားသည်။

ဒါယကာများနှင့် ဒါယိကာမများ၏ စုပေါင်းလှူဒါန်းသည့် အလှူလည်းဖြစ်ပြီး ဆရာတော် ဦးတေဇောဘာသနှင့် ထားဝယ်ဒူးရင်းခြံမှ ဒါယကာ၊ ဒါယိကာမများကလည်း ပါရမီဖြည့်ကူညီကြခြင်းဖြစ်ကာ ဒူးရင်းသီး အလုံး ၇၀၀ ကို စတုဒိသာ ကျွေးမွေးသွားမည်ဟု သိရသည်။

အဆိုပါ စတုဒိသာအလှူအပြင် နိုင်ငံကျော်တေးသံရှင်တချို့မှလည်း တေးသီချင်းများပါဝင် ဖျော်ဖြေတင်ဆက်ပေးကြမည်ဟုလည်း သိရသည်။ ဒူးရင်းသီး စတုဒိသာပွဲတော်တွင် စတင်ကျွေးမွေးချိန် နံနက် ၉ နာရီမှစ၍ စားသုံးနိုင်သလောက် အဝ စားသုံးခွင့်ပြုထားမည်ဖြစ်ပြီး ပြင်ပသို့ ယူဆောင်သွားခြင်းကို တားမြစ်ထားသည်။

တောင်ပုလ ရန်အောင်မြင်ကပ်ကျော်သစ္စာရှင် ဆုတောင်းပြည့်စေတီတော်သည် ဝက်ဝံကျေးရွာအုပ်စု ပိတ်ချင်းမြှောင်လိုဏ်ဂူအနီး၊ ပြင်ဦးလွင်မြို့နယ်တွင် တည်ရှိသည်။ တောင်ပေါ်တွင် Viewpoint များ၊ Photo Booth များလည်း ဖန်တီးပေးထားပြီး ပြည်တွင်းဘုရားဖူးနှင့်ခရီးသည်များလည်း နေ့စဉ်လာရောက်မှုရှိကာ အခါကြီးရက်ကြီးများ၌ ပိုမိုစည်ကားသည်။

Leave a Reply

Your email address will not be published. Required fields are marked *