October 24, 2024

၁၈. ၅. ၂၀၂၃

Written by Nay Moe

NLD အစိုးရဟောင်းလက်ထက် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဖြစ်ခဲ့သူ ဦးမြင့်စန်းသည် ထိုင်းနိုင်ငံ ဖူးခက်မြို့တွင် သရက်ရွက်ကင်ဆာရောဂါနှင့် ကွယ်လွန်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

ဦးမြင့်စန်းသည် သရက်ရွက်ကင်ဆာရောဂါကို တစ်နှစ်ခန့် ခံစားခဲ့ရပြီး ကွယ်လွန်ချိန်တွင် ၆၆ နှစ်ရှိနေပြီဖြစ်ကာ ၎င်းမှာ မေလ ၁၇ ရက် နံနက် ၁၁ နာရီ ၁၀ မိနစ်တွင် Vachira Phuket Hospital ၌ သေဆုံးခဲ့ခြင်းဖြစ်သည်။

ဦးမြင့်စန်းသည်၂၀၁၅ ရွေးကောက်ပွဲ၌ လောင်းလုံးမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှ အနိုင်ရခဲ့ပြီး တနင်္သာရီတိုင်းအစိုးရအဖွဲ့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကာ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း ထို မဲဆန္ဒနယ်ကပင် ဆက်လက်အနိုင်ရခဲ့သော်လည်း ၂၀၂၁ ဖြစ်စဥ်အပြီးတွင် ထိုင်းနိုင်ငံသို့ထွက်ပြေးတိမ်းရှောင်ခဲ့သကဲ့သို့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင်လည်း လောင်းလုံးမြို့နယ်၊ မင်းရပ်ကျေးရွာရှိနေအိမ်ချိပ်ပိတ်ခံခဲ့ရသည်ဟု ယခင် ဒုတိယအကြိမ်လွှတ်တော်သက်တမ်းမှ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် NLD ကိုယ်စားလှယ် ဦးနေကျော်က ၎င်း၏ Facebook တွင် ရေးသားဖော်ပြထားသည်။

ဦးမြင့်စန်း၏ စျာပနကို မေလ ၂၀ နေ့လည် ၁၂ နာရီတွင် ဖူးခက်မြို့ ကော့စလယ်ဘုန်းတော်ကြီးကျောင်း၌ ကျင်းပမည်ဖြစ်ကြောင်း ဖူခတ်ဘန်ထောင် ပရဟိတအဖွဲ့မှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *