October 24, 2024

၁၈. ၅. ၂၀၂၃

Written by Thettant

ပြီးခဲ့တဲ့ရာသီက ရှုံးကြွေးကိုဆပ်ပြီး မန်စီးတီးဟာ ချန်ပီယံလိဂ်ဘုရင် ရီးရဲယ်မက်ဒရစ်အသင်းကို အိမ်ကွင်းမှာ ၄ ဂိုးပြတ်နဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်။

သမိုင်းမှာ လောက်လောက်လားလားအောင်မြင်မှုမရှိပေမဲ့ ရေနံနဲ့ ငွေပုံလောင်းနိုင်လို့ အရှင်မွေးလို့ နေ့ချင်းကြီးခဲ့ချိန်မှာကို နို့ဘူးအသင်းလို့ လှောင်ပြောင်ခံနေရဆဲ မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို အင်တာမီလန်နဲ့ ဆင်နွှဲရတော့မှာပါ။

ဒီနေ့ပွဲမှာဆို ချန်ပီယံလိဂ်ဘုရင်ပါဆိုတဲ့ ရီးရဲယ်ဟာ မန်စီးတီးပြုသမျှ နုနေရတာဖြစ်ပြီး ဘက်စုံအားနည်းခဲ့တာကြောင့် ဂိုးကန်သွင်းမှု၊ ဘောလုံးပိုင်ဆိုင်မှု၊ ဖြတ်တင်ဘော ဘာတစ်ခုမှ မန်စီးတီးကို မယှဥ်နိုင်ခဲ့ပါဘူး။ မန်စီးတီးအတွက် ဂိုးတွေကိုတော့ ပွဲကစားချိန် ၂၃ မိနစ်နဲ့ ၃၇ မိနစ်မှာ ခြေစွမ်းပြနေတဲ့ ဘာနာဒိုဆေးလ်ဗားက သွင်းယူပေးခဲ့တာဖြစ်ပြီး ပွဲချိန် ၇၆ မိနစ်မှာတော့ မီလီတာအိုရဲ့ OG ဂိုး လက်ဆောင်ထပ်ရခဲ့ပါတယ်။ ဒီဂိုးကြောင့်ပဲ ပထမအကျော့က ၁ ဂိုးစီသရေကျထားတာမို့လို့ ရီးရဲယ်သာ ဂိုးပြန်သွင်းရင်ဆိုတဲ့ မျှော်လင့်ချက် လုံးဝသေဆုံးသွားပြီး အချိန်ပို ၉၁ မိနစ်မှာတော့ လူစားဝင်လာတာ နှစ်မိနစ်ပဲရှိသေးတဲ့ အယ်လ်ဗာရက်ဇ်က လေးဂိုးမြောက်သွင်းယူသွားခဲ့တာကြောင့် အဝေးကွင်းမှာ ရီးရဲလ်ဟာ မရှုမလှရှုံးနိမ့်ခဲ့တာပါ။

ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ဒုတိယပဲ အမြင့်ဆုံးရဖူးတဲ့ မန်စီးတီးဟာ သူ့ရဲ့ ဒုတိယအကြိမ်ယှဥ်ပြိုင်ရမဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို လာမဲ့ ဇွန်လ ၁၁ ရက်မှာ ချန်ပီယံလိဂ်သုံးကြိမ်ရဖူးတဲ့ အင်တာမီလန်အသင်းနဲ့ ယှဥ်ပြိုင်ရတော့မှာဖြစ်လို့ အင်တာကပဲ ချန်ပီယံသမ္ဘာနဲ့ မန်စီးတီးကို အနိုင်ယူသွားမလား။ မန်စီးတီးကပဲ ချန်ပီယံလိဂ်ဘုရင် ရီးရဲယ်ကို အနိုင်ယူခဲ့သလိုမျိုး အင်တာကိုအနိုင်ယူပြီး နို့ဘူးအသင်းဘဝက လွတ်လာမလားဆိုတာကိုတော့….

Photo- Mirror Football, Man City, Getty Image

Leave a Reply

Your email address will not be published. Required fields are marked *