October 24, 2024

MT News

Written By Thandar

ပရိသတ်တွေ ရယ်မောစေမယ့် ဟာသကား “မစ္စတာချက်ကြီး” ရုပ်ရှင်ဇာတ်ကား Premier Show ကို မေလ ၁၇ ရက် ညပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့် ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။

Bo Bo ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တဲ့ ဒီ ရုပ်ရှင်ဇာတ်ကားကို မေလ ၁၉ ရက်မှာ မြန်မာတစ်နိုင်ငံလုံးက အဆင့်မြင့် ရုပ်ရှင်ရုံတွေမှာ တစ်ပြိုင်နက် ရုံတင်ပြသသွားမှာဖြစ်ပါတယ်။

အားနေရင် ဟင်းချက်နေလို့ ချက်ကြီးလို့ နာမည်ပြောင်ပေးထားပြီး မွေးရာပါ ပါရမီထူးတယ်ဆိုရလောက်အောင် ချက်သမျှဟင်း ပေါက်ကရဖြစ်တဲ့ အချက်အပြုတ် ဝါသနာကြီးသူ ချက်ကြီးအဖြစ်နဲ့ မြင့်မြတ်ကို ပရိသတ်တွေ မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ ပြင်ဦးလွင်ရဲ့ လှပတဲ့ သဘာဝကျေးလက်ဒေသရှုခင်းတွေကိုလည်း ထည့်သွင်းရိုက်ကူးထားတဲ့ ဇာတ်ကားလေးလည်း ဖြစ်ပါတယ်။

ဒီဇာတ်ကားကို ဇာတ်လမ်းနဲ့ ဇာတ်ညွှန်း ဒီဒီထက်အောင်ကရေးသားထားပြီး ဒါရိုက်တာ အကယ်ဒမီကိုဇော် (အရုဏ်ဦး)က သရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီ မြင့်မြတ် ၊ အကယ်ဒမီ ယွန်းယွန်း ၊ နော်ဖောအယ်ထား၊ ခင်လှိုင် ၊ ဇော်ဝင်းနိုင် ၊ ငှက်ပျောကြော် ၊ ဆင်မ ၊ သွက်လက် ၊ ခရစ္စတိုဖာဝင်း ၊ သူဇာပွင့် ၊ ဇာခြည်လွင် စတဲ့ အနုပညာရှင်များစွာနဲ့ ရိုက်ကူး သရုပ်ဆောင်ထားတာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *