October 24, 2024

ပတ္တရားမြို့၊ မိလ္လာပိုက်မြောင်းတစ်ခုအတွင်း ပြုတ်ကျပိတ်မိနေခဲ့သော အသက် ၃၆ နှစ်ရှိ ဂျိုနာသန် ဂျုံး ဗေမာအိုနာ အား ပြန်လည်ကယ်ဆယ်ပြီးနောက် မေလ ၁၆ ရက်ညက တွေ့ရစဉ်

၁၇. ၅. ၂၀၂၃
Translated by Htwe Ko Tun

အမေရိကန်ကမ္ဘာလှည့်ခရီးသွားအမျိုးသားတစ်ဦးမှာ ထိုင်းနိုင်ငံ၊ ပတ္တရားမြို့ရှိ မိလ္လာပိုက်မြောင်းတစ်ခုအတွင်း မေလ ၁၆ ရက်ညတွင် ပြုတ်ကျကာပိတ်မိနေခဲ့ပြီးနောက် အနီးမှဖြတ်သန်းသွားလာသူတစ်ဦးက ပိုက်အတွင်းမှ ၎င်း၏ အော်ဟစ်အကူအညီတောင်းသံကို ကြားမိခဲ့ရာမှ ပြန်လည်ကယ်ဆယ်ခဲ့ရကြောင်း သိရသည်။

ပတ္တရားမြို့အတွင်း မေလ ၁၆ ရက်ညက ဖြစ်ပွားခဲ့သော အဆိုပါဖြစ်ရပ်တွင် မိလ္လာပိုက်မြောင်းအတွင်း ကျနေသူအားတွေ့ရှိပြီးနောက် ကယ်ဆယ်ရေးသမားများထံ ည ၇ နာရီခွဲတွင် အကြောင်းကြားခဲ့ကြသည်။ ၎င်းတို့က လူပြုတ်ကျမှုဖြစ်ပွားရာ လမ်းဘေးရှိ မိလ္လာပိုက်မြောင်းတစ်ခုသို့ သွားရောက်၍ ပိုက်အတွင်းသို့ ပေါက်နေသည့် သတ္တုလေးထောင့်ကွက်များကို လိုက်လံစစ်ဆေးခဲ့ကြရာတွင် အနက် ၁ ဒသမ ၅ မီတာခန့်၌ ကျင်းအတွင်းလူတစ်ယောက်ကိုတွေ့ခဲ့ကြပြီး ထိုသူမှာ မိလ္လာပိုက်အတွင်း ၆၀ စင်တီမီတာခန့် နစ်မြုပ်ပိတ်မိ၍ ရုန်းထွက်မရဖြစ်နေသည်ကို တွေ့ခဲ့ကြသည်။

ထို့ကြောင့် မိလ္လာပိုက်အတွင်းသို့အဝင် သတ္တုလေးထောင့်ကွက်ကိုဖွင့်၍ ၎င်းအားမြေပေါ်သို့ ပြန်လည် မ,တင်ခဲ့ရကြောင်း ကယ်ဆယ်ရေးသမားများက ပြောခဲ့ကြသည်။

အသက် ၂၆ နှစ်ရှိ ချလီ ဘွန်စရီ အမည်ရှိလုံခြုံရေးအစောင့်တစ်ဦးက ၎င်းကအနီးရှိဆိုင်တစ်ခုမှ လက်ဖက်ရည် (သို့မဟုတ်) ကော်ဖီတစ်ခုခုဝယ်ရန် မော်တော်ဆိုင်ကယ်ဖြင့် ထိုနေရာသို့ရောက်လာခဲ့ကြောင်း၊ ထိုစဉ်လူတစ်ဦး၏ အကူအညီတောင်းသံကဲ့သို့ အော်ဟစ်သံလိုလိုကြားမိ၍ အနီးပတ်ဝန်းကျင် လိုက်ကြည့်သော်လည်း တစ်စုံတစ်ဦးကိုမျှ မတွေ့ခဲ့ကြောင်း၊ နောက်ဆုံးအနီးရှိ ပိုက်မြောင်းအတွင်းကြည့်မိရာမှ လူတစ်ယောက်ကို အမှောင်ထုအတွင်း အောက်သို့ပြုတ်ကျနေသည်ကို သံပန်းများကို ဖြတ်လျက်မြင်ခဲ့ရကြောင်း ရဲတပ်ဖွဲ့သို့ ပြောခဲ့သည်။

၎င်းကတွေ့ရှိအကြောင်းကြားပြီးမကြာမီ ပတ္တရားကမ္ဘာလှည့်ခရီးသွားရဲတပ်ဖွဲ့ ရောက်ရှိလာခဲ့ကာ ပြုတ်ကျနေသူကို ပြန်လည်ကယ်တင်ရန် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။ မိလ္လာပိုက်မြောင်းအတွင်းပိတ်မိ၍ ရုန်းထွက်မရဖြစ်နေခဲ့သူမှာ အမေရိကန်နိုင်ငံသား၊ အသက် ၃၆ နှစ်ရှိ ဂျိုနာသန် ဂျုံး ဗေမာအိုနာ ဆိုသူဖြစ်ကာ ထိုင်းနိုင်ငံသို့ ၎င်း၏ချစ်သူမိန်းကလေးနှင့် မေလ ၁၂ ရက်က ရောက်ရှိလာခြင်းဟု သိရသည်။ ၎င်းတို့က နှစ်ကီလိုမီတာအကွာရှိ သတ်ပရားလမ်းပေါ်မှ ကွန်ဒိုမီနီယံတစ်ခုတွင် တည်းခိုနေကြကြောင်းလည်းသိရသည်။

ဗေမာအိုနာမှာ ကြုံတွေ့ခဲ့ရသောတုန်လှုပ်ချောက်ချားဖွယ်ဖြစ်ရပ်ကြောင့် အားအင်ကုန်ခမ်းလျက် ခြေကုန်လက်ပန်းကျနေသည့်ပုံစံပေါက်နေကြောင်း တွေ့ကြရသည်။ ၎င်းက ဘောင်းဘီတိုတစ်ထည်သာဝတ်ထားကာ ခန္ဓာကိုယ်တွင်လည်း မိလ္လာစက်ရုံလေမှုတ်စက်မှ မှုတ်ထုတ်လိုက်သော အညစ်အကြေးအနယ်အနှစ်များ ဖုံးလွှမ်းပေကျံနေသည်ကို တွေ့ကြရသည်။ ၎င်းအား မိလ္လာပိုက်အတွင်း မည်သို့ ပြုတ်ကျ၍ ရုန်းထွက်မရဖြစ်နေခဲ့ရသည်ကို မေးမြန်းခဲ့သော်လည်း ၎င်း၏ဖြေကြားချက်များက ဗလုံးဗထွေးနှင့် ရှင်းလင်းခြင်းမရှိ မသဲကွဲကြောင်း ကယ်ဆယ်ရေးသမားများက ပြောခဲ့ကြသည်။

Ref—–Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *