October 25, 2024

၁၇. ၅. ၂၀၂၃
Written by Nay Aung

ရခိုင်ပြည်နယ်နှင့် မြန်မာနိုင်ငံအနောက်မြောက်ပိုင်းရှိ မိုခါမုန်တိုင်းဖြတ်ကျော်သွားသောလမ်းကြောင်းတွင် နေထိုင်သူ လူဦးရေ ၅ ဒသမ ၄ သန်းကျော်ခန့် မုန်တိုင်းဒဏ်သင့်ခဲ့သလို အများဆိုင်ရာအဆောက်အအုံများ ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးခဲ့ပြီး မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင်လည်း လူဦးရေ ၁ သိန်းကျော် ဆိုးဝါးသည့် ရေကြီးမှုဒဏ်ခံခဲ့ရကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA)က ပြောသည်။

ကုလသမဂ္ဂတာဝန်ရှိသူတစ်ဦးဖြစ်သော ရာမာနက်သန် ဘလာကရစ်ချ်နန်က မိုခါ ဆိုင်ကလုန်းမုန်တိုင်းသည် ပြီးခဲ့သောမေလ ၁၄ ရက်က ရခိုင်ပြည်နယ်ကို ဆိုးရွားစွာတိုက်ခတ်ခဲ့ကြောင်း၊ မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုများ များပြားလျက်ရှိနေကြောင်း ပြောသည်။

၎င်းက ” မုန်တိုင်းဝင်ရာလမ်းကြောင်းတစ်လျှောက်မှာ ရှိခဲ့တဲ့ဒေသတွေဟာ အမှန်တကယ်ကို ကြောက်စရာကောင်းတဲ့အတွေ့ကြုံတွေ ရရှိစေခဲ့တယ်။ မုန်တိုင်းကြောင့် လက်ရှိအချိန်မှာ အပျက်အစီးတွေကိုရှင်းလင်းတာ၊ ပြန်လည်တည်ဆောက်ရေးအတွက် ကြိုးပမ်းနေတာတွေရှိနေပါတယ်။ မုန်တိုင်း ဝင်ရောက်ရာလမ်းကြောင်းတစ်လျှောက်ရှိ လူပေါင်း ၅ ဒသမ ၄ သန်းဟာ မုန်တိုင်းဒဏ် တွေ့ကြုံခံစားခဲ့ရတယ်။ အဲဒီသူတွေထဲက လူဦးရေ ၃ ဒသမ ၉ သန်းဟာ အထိခိုက်လွယ်ဆုံး ဖြစ်နေခဲ့တယ်။” ဟုဆိုသည်။

မြန်မာနိုင်ငံတွင် မုန်တိုင်းမဝင်ရောက်ခင်တည်းက ပြည်တွင်းပဋိပက္ခများကြောင့် လူသားချင်းဆိုင်ရာ စာနာမှုအကူအညီလိုအပ်နေသူများရှိနေရာ မုန်တိုင်းကြောင့် မြန်မာနိုင်ငံတွင် လူသားချင်းဆိုင်ရာစာနာမှုအကူအညီလိုအပ်သူအရေအတွက်ကို ပိုမိုများပြားလာစေခဲ့ကြောင်း ၎င်းကပြောသည်။ မြန်မာနိုင်ငံတွင် လူသားချင်းဆိုင်ရာစာနာမှုအကူအညီလိုအပ်သူအရေအတွက်က အနည်းဆုံး ၁၇ သန်းခန့်ရှိနေပြီး ရုရှားနှင့် စစ်ဖြစ်နေသော ယူကရိန်းနိုင်ငံ၏အရေအတွက်နှင့် တူညီကြောင်း ရာမာနက်သန် ဘလာကရစ်ချ်နန်က ပြောသည်။

Ref——–Un

Leave a Reply

Your email address will not be published. Required fields are marked *