October 25, 2024

၁၇. ၅. ၂၀၂၃
Written by Pan Ei

Gucci Cruise 2024 ဖက်ရှင်ရှိုးကို တောင်ကိုရီးယားနိုင်ငံမြို့တော် ဆိုးလ်ရှိ ဂယောင်ဘို့ဂန်းနန်းတော်မှာ မေလ ၁၆ ရက်က ကျင်းပခဲ့တာဖြစ်ပြီး Gucci အမှတ်တံဆိပ်ရဲ့ ကမ္ဘာလုံးဆိုင်ရာ သံတမန်တွေဖြစ်ကြတဲ့ အိန္ဒိယမင်းသမီး Ali Batta၊ New Jeans အဖွဲ့ဝင် Hanni၊ အဆိုတော်၊ မင်းသမီး IU တို့တက်ရောက်ခဲ့ကြသလို Squid Game မင်းသား Lee Jung Jae၊ မင်းသမီး Shin Min Ah စတဲ့ နာမည်ကြီးကိုရီးယားအနုပညာရှင်တွေ အမြောက်အမြားတက်ရောက်ခဲ့ကြပြီး ထိုင်းမင်းသမီး Davika Hoorne နဲ့ အာရှက နာမည်ကြီးအနုပညာရှင်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

ဒါ့အပြင် အဆိုပါ ဖက်ရှင်ရှိုးမှာ မေလ ၁၆ ရက်က အသက် ၃၁ နှစ်ပြည့်ခဲ့တဲ့ ထိုင်းမင်းသမီး Davika Hoorne နဲ့ အသက် ၃၀ ပြည့်ခဲ့တဲ့ အဆိုတော်၊ မင်းသမီး IU တို့ မွေးနေ့ရှင်နှစ်ဦးရဲ့ ကြည်နူးစရာ အခိုက်အတန့်တွေကိုလည်း ပရိသတ်တွေက သဘောကျခဲ့ကြပြီး အင်တာနက်မှာ လူပြောများလျက်ရှိနေပါတယ်။

Davika Hoorne က သူမတို့ မွေးနေ့ရှင်နှစ်ဦးရဲ့ Gucci ရှိုးပွဲထဲက ကြည်နူးစရာ အခိုက်အတန့် ဗီဒီယိုကို သူမရဲ့ အင်စတာဂရမ်အကောင့်မှာ တင်ခဲ့တာဖြစ်ပါတယ်။

အဆိုပါဗီဒီယိုထဲမှာ Davika Hoorne က IU ကို Happy Birthday လို့ ပြောကာ အနီရောင်အသည်းပုံ ဆွဲသီးလေးနဲ့ ဆွဲကြိုးကို မွေးနေ့လက်ဆောင်အဖြစ် ပေးခဲ့တာဖြစ်ပြီး IU ကတော့ Davika Hoorne ရဲ့ ပါးပြင်ကို အနမ်းလေး ပြန်ပေးခဲ့တာကြောင့် ပရိသတ်တွေကတော့ Davika Hoorne ကို အားကျမဆုံး ဖြစ်ခဲ့ကြရပါတယ်။

Davika Hoorne နဲ့ IU တို့ဟာ ၂၀၂၀ Gucci ဖက်ရှင်ရှိုးမှာ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြတာဖြစ်ပြီး နှစ်ယောက်စလုံးရဲ့ မွေးနေ့က မေလ ၁၆ ရက်နေ့ဖြစ်တာကြောင့် တစ်ယောက်ကို တစ်ယောက် ဂုဏ်ပြုပေးခဲ့ကြတာပဲ ဖြစ်ပါတယ်။

၁၉၉၂ ခုနှစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မွေးဖွားခဲ့တဲ့ ထိုင်းမင်းသမီး Davika Hoorne ဟာ ၂၀၁၀ မှာ ပွဲဦးထွက်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် Forbes မဂ္ဂဇင်းက ရွေးချယ်တဲ့ အာရှရဲ့ သြဇာအရှိဆုံး ထိပ်တန်းကြယ်ပွင့် ၁၀၀ စာရင်းမှာ ပါဝင်ရွေးချယ်ခံခဲ့ရသူ တစ်ဦးလည်း ဖြစ်ပါတယ်။

Ref; Kbizoom

Leave a Reply

Your email address will not be published. Required fields are marked *