October 25, 2024

၁၇. ၅. ၂၀၂၃
Written by Ye Kyaw

ရှေးဟာင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနရှိ ပြတိုက်များအားလုံးကို မေလ ၁၈ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့၌ အခမဲ့ဝင်ရောက်လေ့လာခွင့်ပြုမည်ဖြစ်ပြီး ယခင်နှင့်မတူညီသော အခင်းအကျင်းများ ပြသထားမည်ဖြစ်၍ လာရောက်လေ့လာသင့်ကြောင်း သာသနာရေးနှင့် ယဥ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။

“မနက်ဖြန် ၁၈ ရက်နေ့ကလေ အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့ဗျ။ ပြတိုက်မှာလည်း တစ်နှစ်တစ်ခါ ပြတိုက်နဲ့ပတ်သက်တဲ့ Teams လေးတွေရှိတယ်။ ကျွန်တော်တို့ကတော့ အမျိုးသားပြတိုက် ရန်ကုန်၊ နေပြည်တော်ရှိတာပေါ့နော်။ အများပြည်သူအခမဲ့ လာရောက်လေ့လာနိုင်အောင် ခင်းကျင်းပြသထားမယ်။ လေ့လာဖို့အတွက်လည်း ဖိတ်ခေါ်ပါတယ်။ ပြတိုက်ကို အရင်က လာရောက်ဖူးတဲ့သူတွေဆို အရင်ကနဲ့ ဘာတွေကွဲပြားခြားနားမှုတွေ ရှိမလဲဆိုတာကို သိရှိရမှာဖြစ်ပါတယ်” ဟု သာသနာရေးနှင့်ယဥ်‌ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၏ ပြတိုက်စုစုပေါင်း ၂၂ ခုခန့်ရှိပြီး အမျိုးသားပြတိုက်ကို ရန်ကုန်နှင့် နေပြည်တော်တို့တွင် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ပြတိုက်များ၌ မြန်မာ့ရာဇဝင်နှင့် သမိုင်းကြောင်းများကို ထင်ဟပ်စေသည့် ထူးခြားထင်ရှားသော ပစ္စည်းများကို စုဆောင်းပြသထားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့အခမ်းအနားကို လာမည့် မေလ ၁၈ ရက်တွင် နဝမအကြိမ်မြောက်အဖြစ် အမျိုးသားပြတိုက် (နေပြည်တော်)၌ ကျင်းပသွားရန် စီစဥ်ထားရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *