October 25, 2024

ရသေ့တောင်မြို့နယ်၏ ပျက်စီးမှုပုံရိပ်များ (Photo-CJ)

MT News

Written by Peya

ရခိုင်ပြည်နယ် ရသေ့တောင်မြိုနယ်တွင် မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ခိုလှုံနေသည့် ဘုန်းတော်ကြီးကျောင်းများရှိ ဓမ္မာရုံနှင့် အဆောက်အအုံပြိုကျမှုကြောင့် လူ ၁၄ ဦးအထိ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်းသိရကာ အဆိုပါဒေသတွင် ဖုန်းလိုင်းများ ကောင်းမွန်ခြင်း မရှိသေးကြောင်းလည်း သိရသည်။

မိုခါမုန်တိုင်းကြောင့် ရသေ့တောင်မြိုနယ် ဒုံးပိုက်ကျေးရွာရှိ ဘုန်းကြီးကျောင်းမှ ဓမ္မာရုံပြိုကျစဥ် ၁၃ ဦးနှင့် သာစည် ကျေးရွာတွင် ဘုန်းကြီးကျောင်းအဆောက်အအုံပြိုကျ၍ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“လက်ရှိမှာ ကျွန်တော်တို့ သိရတာက ရသေ့တောင်မြိုနယ် ဒုံးပိုက်ရွာမှာ ဖြစ်တာပေါ့နော်။ မုန်တိုင်းတိုက်တော့ လေဘေးခိုလှုံနေတဲ့ ဓမ္မာရုံပြိုတာလို့ ပြောတယ်။ အရေအတွက်က အမျိုးသမီး ၉ ယောက်၊ အမျိုးသားက ၄ ယောက်။ အမျိုးသမီးထဲမှာ အသက် ၁၇ နှစ်လောက် မိန်းကလေးငယ် တစ်ယောက်ပါတယ်လို့ သိရတယ်။ ကျွန်တော်တို့ ဖြစ်စဉ်ကို သိရဖို့ ဆက်သွယ်နေတယ်” ဟု စစ်တွေမြို့နယ်တွင် ပရဟိတ လုပ်ဆောင်နေသူတစ်ဦးက MT News သို့ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *