October 25, 2024

MT News

Written by Nay Moe

နိုင်ငံတကာနှင့် ပြည်သူများ လှူဒါန်းထားသည့် အလှူငွေ ဒေါ်လာသန်းရာချီသုံးစွဲမှုအပေါ် ပွင့်လင်းမြင်သာစွာ ဖြေရှင်းနိုင်ခြင်းမရှိသော်လည်း ငွေကြေးလိုအပ်ချက်ကြောင့် နွေဦးဖွံ့ဖြိုးရေးဘဏ် တည်ထောင်မည်ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့ပြုလုပ်သည့် NUG ၏ ၁၉/၂၀၂၃ အစည်းအဝေးတွင် ထုတ်ဖော်ပြောဆိုလိုက်သည်။

“တော်လှန်ရေး သက်လုံကို ပါဝင်အားဖြည့် ထောက်ကူမယ့် အုတ်မြစ်တွေထဲမှာ ဒီနေ့ဆွေးနွေးကြမယ့် နွေဦးဖွံ့ဖြိုးရေးဘဏ် တည်ထောင်ရေးကိစ္စလည်း အထူးပြုပါဝင်နေလိမ့်မယ်လို့ ယူဆပါတယ်။ နွေဦတော်လှန်ရေးမှာ စိတ်ဓာတ်လည်း လိုသလို၊ ဘဏ္ဍာငွေ အင်အားလည်း လိုနေတာ အားလုံးအသိ ဖြစ်ပါတယ်။ လက်တွေ့အောင်မြင်မှု ရလဒ်တွေကိုအကောင်အထည် ဖော်နိုင်ဖို့အတွက် ဘဏ္ဍာရေးကိစ္စကို အထူးတလည် စဉ်းစားကြရပါလိမ့်မယ်။ နွေဦးဖွံ့ဖြိုးရေးဘဏ်ဟာ တော်လှန်ရေးသက်လုံကို ဖြည့်ပေးမယ့် ဘဏ္ဍာရေးဒေါက်တိုင်တစ်ခုဖြစ်ဖို့ လိုသလို၊ ပြည်သူလူထုအတွက် ဓနဥစ္စာ လုံခြုံရေးကို ကူညီအားဖြည့်ပေးမယ့် ဘဏ္ဍာရေးထီးရိပ်ဖြစ်ဖို့လည်း အထူးလိုအပ်ပါတယ်” ဒူဝါလရှီးလက ဆိုသည်။

NUG အနေဖြင့် နှစ်နှစ်တာကာလအတွင်း ဒေါ်လာသန်း ၃၀၀ ခန့်ကို အလှူခံခြင်း၊ မြန်မာပြည်တွင်းမှ မြေကွက်များကို အွန်လိုင်းမှ ရောင်းချခြင်းဖြင့် ရရှိထားသော်လည်း ထိုငွေများ မည်သို့သုံးစွဲနေသည်ကို စာရင်းရှင်းလင်းပြနိုင်ခြင်းမရှိသဖြင့် လှူဒါန်းမှုများလျော့နည်းလာနေပြီး NUG က ရောင်းချသည့် စီမံကိန်းများ၊ အာမခံချက်မရှိသည့် မြေကွက်များကိုလည်း ဝယ်ယူသူများ လျော့ကျလာနေသည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *