၁၅. ၅. ၂၀၂၃
MT News Entertainment
လက်ရှိကျင်းပနေတဲ့ ၂၀၂၃ ကမ္ဘောဒီးယားဆီးဂိမ်းမှာ မြန်မာအမျိုးသမီး ဘောလုံးအသင်းဟာ ၁၅ နှစ် ကျော်ဝေးကွာနေတဲ့ ဆီးဂိမ်းစ်ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပြီဖြစ်ပြီး ဒီည ၇ နာရီမှာ ဗီယက်နမ် အမျိုးသမီးဘောလုံးအသင်းနဲ့ ဗိုလ်လုပွဲ ဆင်နွှဲရတော့မှာပါ။
ဒီဗိုလ်လုပွဲမှာ မြန်မာအသင်းအနိုင်ရဖို့ မြန်မာတစ်နိုင်ငံလုံးက အားပေးနေကြသလို ဗီယက်နမ်ကို အနိုင်ရပြီး ရွှေဆုရဖို့လည်း မျှော်လင့်ထားပြီး SAC ဥက္ကဋ္ဌက ဒေါ်လာတစ်သိန်း ချီးမြှင့်မဲ့အပြင် ပုဂ္ဂလိကအဖွဲ့အစည်းအသီးသီးကလည်း ဆုတွေချီးမြှင့်ဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
MT News Entertainment ကလည်း မြန်မာအမျိုးသမီးအသင်း အနိုင်ရ၊ ဗိုလ်စွဲမဲ့အပေါ် ခန့်မှန်းပြိုင်ပွဲလေးပြုလုပ်ပြီး ပထမဦးဆုံးမှန်ကန်သူကို ဆုငွေကျပ် ၅၀၀၀၀ ချီးမြှင့်မှာဖြစ်ပါတယ်။
ခန့်မှန်းပြိုင်ပွဲ ဖြေဆိုရမဲ့ပုံစံ
အနိုင်ရမည့်အသင်း “မြန်မာ”
ဂိုးရလဒ် “မြန်မာ ၂ – ၀ ဗီယက်နမ်”
ဆိုပြီး ကွန်းမန့်မှာ တစ်ဦးကို မန့်တစ်ခုနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
စည်းကမ်းချက်များ
၁။ MT News Entertainment Page အား Like & Follow လုပ်ထားသူဖြစ်ရန်။
၂။ ယခု ပို့စ်အား Like လုပ်ထားပြီး Public ဖြင့် Share ထားရန်။ ဆုငွေထုတ်ယူချိန်တွင် သက်သေပြရန်။
၃။ မည်သူမဆို ခန့်မှန်းဖြေဆိုနိုင်မည်ဖြစ်ပြီး ဆုငွေကိုမူ K Pay ဖြင့်သာ ချီးမြှင့်မည်ကို သိရှိရန်။
၄။ Edit လုပ်ထားသူများ ဆုချီးမြှင့်မည်မဟုတ်ကြောင်းနှင့် ကနဦးခန့်မှန်းမှု အဖြေ မှန်ကန်သူကိုသာ ကျပ် ၅၀၀၀၀ ချီးမြှင့်မည်ဖြစ်သည်ကို ကြိုတင်သိရှိရန်။
၅။ အငြင်းပွားမှုများ ပေါ်ပေါက်ပါက MT News Entertainment အယ်ဒီတာအဖွဲ့ ဆုံးဖြတ်ချက်သာအတည်ဖြစ်ပြီး ည ၇ နာရီနောက်ပိုင်း ခန့်မှန်းသူများ အကျုံးမဝင်သည်ကို ကြိုတင်သိရှိရန်။
၆။ ပွဲချိန် မိနစ် ၉၀ ရလဒ်သာ အတည်ပြုမည် ဖြစ်သည်။
အယ်ဒီတာအဖွဲ့
MT News Entertainment