MT News
လက်ရှိဝင်ရောက်နေသည့် မိုခါမုန်တိုင်းအရှိန်ကြောင့် မေလ ၁၃ ရက် ညက မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်၍ ရန်ကုန်မြို့အနှံ့အပြားတွင် သစ်ပင်များလဲကျခြင်းနှင့် နေအိမ်အမိုးလန်ခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဆိုင်ကလုန်းမုန်တိုင်းမိုခါ၏ အရှိန်ကြောင့် မြို့နယ်အများစုတွင် သစ်ပင်များလဲပြိုခြင်း၊ နေအိမ်များ ခေါင်မိုးလန်ခြင်းများဖြစ်ပွားခဲ့သဖြင့် ပရဟိတအသင်းများ၊ မီးသတ်ဦးစီးဌာနနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ လဲပြိုကျနေသော သစ်ပင်များအား လိုက်လံရှင်းလင်းပေးနေရကြောင်းလည်း သိရသည်။
ထို့အတူ မေလ ၁၄ ရက် နံနက်တွင်လည်း ရန်ကုန်မြို့၌ လေတိုက်နှုန်းပြင်းထန်နေပြီး မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း ရန်ကုန်တိုင်းဒေသကြီးတွင် တစ်နာရီ မိုင် ၄၀ မှ မိုင် ၆၀ နှုန်းအထိ လေပြင်းတိုက်ခတ်နိုင်ကြောင်း သတိပေးထားသည်။