MT News
Written by Hey Mar
အိပ်ပျော်နေစဥ် မြေကြီးပြိုကျသဖြင့် နေအိမ်ပေါ်ပိကာ ဇနီးမောင်နှံ နှစ်ဦးသေဆုံးသည့် ဖြစ်စဥ် ယမန်နေ့ မနက်ပိုင်းက ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့တွင်ဖြစ်ပွားခဲ့ကြောင်း ဦးလှမိုး တာချီလိတ်လူမှုကူညီရေးအသင်းမှ သိရသည်။
ဖြစ်စဥ်မှာ မေလ ၁၄ ရက် နံနက်ပိုင်း ၆ နာရီခန့်တွင် တာချီလိတ်မြို့ ဆန်ဆိုင်း (ခေါ်)ဝမ်မိုင် ရပ်ကွက်သစ်(ဈ) အနီးရှိ နေအိမ် တစ်လုံးပေါ်သို့ မြေပြိုကျခဲ့ပြီး ဇနီးမောင်နှံ၂ ဦး ပျောက်ဆုံးနေကြောင်း သက်ဆိုင်ရာအဖွဲ့အစည်းများသို့ တာဝန်သိပြည်သူများမှ အကြောင်းကြားသဖြင့် ရှာဖွေကယ်ဆယ်ရေးများပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုဖြစ်စဥ်မှာ ယမန်နေ့ မေလ ၁၃ ရက်နေ့ ညပိုင်းကတည်းက တာချီလိတ်တွင် မိုးအဆက်မပျက် ရွာသွန်းနေပြီး ယနေ့ မေလ ၁၄ ရက်မနက်ပိုင်း သုံးနာရီခန့်က မြေသားနံရံ ပြိုကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ရာ နံနက်ပိုင်း ၈ နာရီခန့်တွင် အိပ်ပျော်ရင်း သေဆုံးနေခဲ့ဟန်ရှိသော ဇနီးမောင်နှံ ၂ ဦး၏ ရုပ်အလောင်းများအားတွေ့ရှိခဲ့ပြီး တာချီလိတ်ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ရင်ခွဲအတည်ပြုရန် ဦးလှမိုးတာချီလိတ်အသင်းမှ သူနာတင်ယာဥ်ဖြင့် ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။