MT News
Written by Peya
မိုခါ မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ရေတက်သည့်အတွက် အရေးပေါ် အကူအညီလိုအပ်သူများ ရှိနေပြီး ဆက်သွယ်ကာ အကူအညီ တောင်းခံနေကြကြောင်း ဒေသခံများထံက သိရသည်။
လက်ရှိတွင် မုန်တိုင်း ဝင်ရောက်ပြီးနောက် ဆက်သွယ်ရေး ပြတ်တောက်မှုများ ရှိနေကာ အများဆုံး အသုံးပြုနိုင်သည့် ဖုန်းမှာ Ooredoo ဖုန်းလိုင်းသာ ဖြစ်နေကြောင်းလည်း သိရသည်။
“အကူအညီတောင်းတာတွေက ရှိနေတယ်။ အဓိက,ကတော့ ရေတက်ပြီး ပိတ်မိနေတာမျိုးပါ။ အမျိုးသမီးနဲ့ ကလေးတွေ ပိတ်မိနေတာမျိုး၊ သက်ကြီးပိုင်း လူကြီးတွေ ပိတ်မိနေတာ မျိုးတွေ အကူအညီတောင်းတာတွေ ရှိနေတယ်။ ရေကလည်း မြန်မြန်တက်လာတော့ အိမ်ပေါ်မှာ လေဒဏ်ကို ခံနိုင်ပေမယ့် ရေဒဏ်ကို မခံနိုင်လို့ အကူအညီ တောင်းကြရတာ” ဟု စစ်တွေမြို့ခံ တစ်ဦးက MT News ကို ပြောသည်။
လက်ရှိတွင် စစ်တွေမြို့က သဘာဝဘေးကို ကြုံတွေ့ရသူများ အနေဖြင့် အရေးပေါ် အခြေအနေတွက် ဆက်သွယ်နိုင်မည့် တက်လီဖုန်း နံပတ်များကို မုန်တိုင်း မဝင်မီကပင် ထုတ်ပြန်ထားသည်။