MT News
၁၃. ၅. ၂၀၂၃
၂၀၂၄ အာရှအမျိုးသမီး ယူ-၂၀ ပြိုင်ပွဲ ဒုတိယအဆင့် ခြေစစ်ပွဲများကို လာမည့်ဇွန်လအတွင်း စတင်ကျင်းပမည်ဖြစ်ရာ မြန်မာအမျိုးသမီး ယူ-၂၀ အသင်းသည် အုပ်စု (ခ)တွင် တရုတ်၊ နီပေါ၊ တရုတ် (တိုင်ပေ)တိုနှင့်အတူ တစ်အုပ်စုတည်း ကျရောက်နေပြီး မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ကြောင်း Myanmar Football Federation Website တွင် ထုတ်ပြန်ပေးထားသည်။
မြန်မာအမျိုးသမီး ယူ-၂၀ အသင်းသည် မတ်လအတွင်း ပထမအဆင့် ခြေစစ်ပွဲ အောင်မြင်ပြီးနောက် ဒုတိယအဆင့် ခြေစစ်ပွဲစဉ်များအတွက် မတ်လ နောက်ဆုံးပတ်မှ စတင်ကာ လေ့ကျင့်ခန်း အစီအစဉ်များ ပြန်လည်ပြုလုပ်နေပြီး အသင်းကို နည်းပြချုပ်အဖြစ် ဒေါ်စန်းစန်းသိန်း၊ လက်ထောက်နည်းပြများအဖြစ် ဒေါ်နွယ်နွယ်တိုး၊ ဒေါ်စန်းယုနိုင်နှင့် ဂိုးနည်းပြအဖြစ် ဒေါ်မေခင်ယမင်းတို့က တာဝန်ယူဆောင်ရွက်လျက်ရှိသည်။
မြန်မာယူ-၂၀ အမျိုးသမီးအသင်းသည် ဇွန်လ ၆ ရက်တွင် နီပေါအသင်း၊ ၈ ရက်တွင် တရုတ်(တိုင်ပေ) အသင်း၊ ၁၀ ရက်တွင် တရုတ်အသင်းတို့နှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး မြန်မာအသင်း၏ ပွဲစဉ်များကို ညနေ ၆ နာရီခွဲတွင် ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။ ဒုတိယအဆင့် ခြေစစ်ပွဲ အုပ်စုနှစ်ခုမှ အုပ်စုပထမနှင့် ဒုတိယရသော အသင်းလေးသင်းမှာ ဥဇဘက်ကစ္စတန်၊ ဂျပန်၊ မြောက်ကိုရီးယား၊ တောင်ကိုရီးယား အသင်းတို့နှင့်အတူ ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်သည်။
၂၀၂၄ အာရှအမျိူးသမီး ယူ-၂၀ ပြိုင်ပွဲကို ဥဇဘတ်ကစ္စတန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး ပထမ၊ ဒုတိယနှင့် တတိယရသော အသင်း သုံးသင်းမှာ ၂၀၂၄ ဖီဖာ အမျိုးသမီး ယူ-၂၀ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်ကြောင်း သိရသည်။
(Ref, MFF)