၁၁. ၅. ၂၀၂၃
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၏ သမ္မတဟောင်း ဒေါ်နယ်ထရန့်က ယူကရိန်းပဋိပက္ခကိုအဆုံးသတ်စေနိုင်ရန်အတွက် ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် ယူကရိန်း သမ္မတ ဗလာဒီမာ ဇာလန်စကီး တိုနှင့် ၎င်းက တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း မေလ ၁၁ ရက်တွင် ပြောကြားခဲ့သည်။
ဒေါ်နယ်ထရန့် က “ဒီစစ်ပွဲမှာ ကျွန်တော်က နိုင်တာတွေ၊ ရှုးတာတွေကို စဉ်းစားမှာမဟုတ်ဘူး။ လူတွေကို သတ်နေတဲ့ ဒီစစ်ပွဲပြီးဆုံးဖို ဖြေရှင်းနိုင်ဖိုကိုစဉ်းစားသွားမှာပါ။ကျွန်တော်သာ သမ္မတဖြစ်နေမယ်ဆိုရင် ဒီပြဿနာကို ၂၄ နာရီအတွင်းဖြေရှင်းပြီးသားဖြစ်မှာပါ။ ရုရှားတွေရော၊ ယူကရိန်းတွေရော သေနေကြတာတွေ ၂၄ နာရီအတွင်း ရပ်တန့်သွားအောင် ကျွန်တော်ဆောင်ရွက်ချင်ပါတယ်” ဟု ပြောကြားသွားခဲ့သည်။
ထိုပြင် ဒေါ်နယ်ထရန့်က ပူတင်သည် အလွန်ထက်မြက်ပါးနပ်သူတစ်ဦးဟု စဉ်းစားမိကြောင်း၊ သိုရာတွင် အထူးစစ်ဖက်စစ်ဆင်ရေးတစ်ရပ်ကို စတင်လိုက်ခြင်းက ပူတင်အနေဖြင့် အမှားပြုလုပ်မိခြင်းဟု မိမိ ထင်မြင်မိကြောင်း ပြောခဲ့သည်။
ဆက်လက်၍ ဒေါ်နယ်ထရန့်က ယခုအချိန် ရုရှားသမ္မတအား စစ်ရာဇဝတ်မှုကျူးလွန်နေသည်ဟု စွပ်စွဲအပြစ်တင်နေရမည့်အချိန်မဟုတ်ကြောင်း၊ အကယ်၍ ပူတင်အားစစ်ရာဇဝတ်ကောင် တစ်ဦးအဖြစ်သာ စွပ်စွဲပြောကြားနေမည်ဆိုလျှင် ဤကဲ့သို့ လူအများသေကြေပျက်စီးဒုက္ခရောက်နေရသည့် လုပ်ဆောင်မှုများရပ်တန့်ရန်အတွက် အပေးအယူသဘောတူညီချက်ရရန်မှာ များစွာပို၍ ခက်ခဲသွားလိမ့်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဆွေးနွေးညှိနှိုင်းမှုကိုသာ ပြုသင့်ကြောင်း ပြောကြားသွားခဲ့သည်။
Ref—-Tass