MT News
Written by Peya
ကမ္ဘောဒီယားနိုင်ငံတွင် ကျင်းပနေသည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံက မေလ ၉ ရက်အထိ ရွှေတံဆိပ် ၁၁ ဆု ရရှိပြီဖြစ်ကြောင်း သိရသည်။
မေလ ၉ ရက်ယှဥ်ပြိုင်ရာတွင် ခြင်းလုံးအားကစားနည်းမှ အမျိုးသား (Event-4) ပြိုင်ပွဲတွင် မြန်မာအသင်းမှ ပထမ ရွှေတံဆိပ်ဆုကိုလည်းကောင်း၊ အမျိုးသမီး (Event-4) ပြိုင်ပွဲတွင် မြန်မာအသင်းမှ ပထမ ရွှေတံဆိပ်ဆုကိုလည်းကောင်း၊ ဘိလိယက်အားကစားနည်းမှ English Billiards Singles (Men)ပြိုင်ပွဲတွင် ဦးပေါက်စမှ ရွှေတံဆိပ်ဆုကို လည်း ကောင်း ရခဲ့ခြင်း ဖြစ်သည်။
မြန်မာအသင်းအနေဖြင့် ခြင်းလုံး(အမျိုးသား+အမျိုးသမီး- Linking Event 3) ၊ ဗိုဗီနမ် (ခွန်ဘိုကာတာ- ၁+၂ အတွဲအတိုက်)၊ ဗိုဗီနမ် (အမျိုးသားဓားတစ်လက်အပြ)၊ အားဗိုဗီနမ်အားကစားနည်း (အမျိုးသား(၂)ယောက်တွဲအပြ)၊ ပီတန်း အမျိုးသမီး(အပစ်-shooting) စသည်ဖြင့် ပြိုင်ပွဲတို့တွင်လည်း ရွှေတံဆိပ်ရရှိထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် လက်ရှိတွင် ရွှေတံဆိပ် ၁၁ ခု၊ ငွေတံဆိပ် ၈ ခု၊ ကြေးတံဆိပ် ၂၈ ခု ရရှိထားကာ ပြိုင်ပွဲတစ်လျှောက် အဆင့် ၈ နေရာတွင် ရပ်တည်နေသည်။