MT News
Written by Min Mahar
ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာ၌ လုံခြုံရေးဆောင်ရွက်နေကြသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား PDF အဖွဲ့များဝင်ရောက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦးဒဏ်ရာရရှိမှု မေလ ၉ ရက် နံနက် အရုဏ်တက်ချိန်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေလ ၉ ရက် နံနက်အရုဏ်တက် ၅ နာရီ ၂၀ မိနစ်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာသို့ PDF အဖွဲ့ဝင်များ ရောက်လာပြီး ကျေးရွာလုံခြုံရေးဆောင်ရွက်နေကြသော လုံခြုံရေးတပ်ဖွဲ့ဝင်များကို သေနတ်များဖြင့်ပစ်ခတ်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့သောကြောင့် ထွက်ပြေးသွားကြပြီး PDF အဖွဲ့များပစ်ခတ်မှုကြောင့် ကျေးရွာအတွင်းနေထိုင်သော အသက် ၆၄ နှစ်အရွယ်အမျိုးသမီးကြီးသည် ၎င်း၏နေအိမ်အိပ်ခန်းအတွင်းမှ အိမ်ရှေ့ခန်းသို့ထွက်လာစဉ် သေနတ် ၂ ချက်ထိမှန်ကာ ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
အဆိုပါပစ်ခတ်ခံရမှုကြောင့် အမျိုးသမီးကြီးသည် ယာဘက်ဒူးစေ့အနီးကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာဘက်ဒူးခေါင်းကွေးကိုကျည်ဖောက်ထွက်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)တို့ ရရှိခဲ့သဖြင့် ရွှေဘိုပြည်သူ့ဆေးရုံကြီးသို့ ဒေသခံလူမှုကူညီရေးယာဉ်ဖြင့်ပို့ဆောင်ကာ ဆေးကုသမှုခံယူနေကြောင်း သိရသည်။