၁၀. ၅. ၂၀၂၃
Written by Pan Ei
ယမန်နေ့ UTC စံတော်ချိန် ၂ နာရီက ထုတ်ပြန်ခဲ့သည့် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့စာရင်းတွင် ချောက်မြို့က အပူချိန် ၄၅ ဒသမ ၆ ဒီဂရီစင်တီဂရိတ်ဖြင့် ပထမနေရာ ရပ်တည်နေခဲ့ပြီး ချောက်မြို့အပါအဝင် မြန်မာနိုင်ငံမှ မြို့ ၆ မြို့မှာ အဆိုပါစာရင်း၌ ပါဝင်ခဲ့ကြောင်း ကမ္ဘာလုံးဆိုင်ရာ မိုးလေဝသသုတေသနသတင်းများကို ထုတ်ပြန်ပေးနေသည့် Ogimet ၏ စစ်တမ်းများကို ကိုးကား၍ EDW (El-dorado Weather) တွင် ဖော်ပြခဲ့သည်။
ယနေ့ UTC စံတော်ချိန် ၃ နာရီက ထုတ်ပြန်ခဲ့သည့် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့စာရင်းတွင်လည်း ချောက်မြို့က အပူချိန် ၄၆ ဒသမ ၂ ဒီဂရီစင်တီဂရိတ်ဖြင့် နိုင်ဂျာနိုင်ငံမှ တေလာဘယ်ရီမြို့နှင့် ပူးတွဲ ပထမနေရာတွင် ရပ်တည်နေပြီး ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့စာရင်း၌ ချောက်မြို့က နှစ်ရက်ဆက်တိုက် ပထမနေရာမှ ပါဝင်နေခဲ့ခြင်းဖြစ်သည်။
ယမန်နေ့ UTC စံတော်ချိန် ၂ နာရီက ထုတ်ပြန်ခဲ့သည့် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့စာရင်းတွင် ပါဝင်ခဲ့သည့် ချောက်မြို့အပြင် မြန်မာနိုင်ငံမှ မြို့ ၆ မြို့မှာ အဆင့် ၅ နေရာ၌ ၄၄ ဒသမ ၃ ဒီဂရီစင်တီဂရိတ်ဖြင့် မကွေးမြို့၊ အဆင့် ၈ နေရာ၌ ၄၃ ဒသမ ၆ ဒီဂရီစင်တီဂရိတ်ဖြင့် မင်းဘူးမြို့၊ အဆင့် ၉ နှင့် ၁၀ နေရာ၌ ၄၃ ဒသမ ၅ ဒီဂရီစင်တီဂရိတ်ဖြင့် ညောင်ဦးမြို့နှင့် တောင်ငူမြို့၊ အဆင့် ၁၄ နေရာ၌ ၄၃ ဒသမ ၆၃ ဒီဂရီစင်တီဂရိတ်ဖြင့် ပြည်မြို့တို့ ဖြစ်သည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံသာမက အရှေ့တောင်အာရှဒေသတွင်းတွင် အပူချိန်စံချိန်တင်မြင့်တက်မှုများဖြစ်ပွားလျက်ရှိပြီး အပူဒဏ်ကြောင့် ကျန်းမာရေးထိခိုက်မှုများနှင့် သေဆုံးမှုများလည်း ရှိနေသည်။
Ref; eldoraweather