MT News
Written by Naing Thuta
မြင်းခြံမြို့၊ အမှတ်(၁၃)ရပ်ကွက်တွင် တိုက်ခန်းတွဲသုံးတွဲရှိ အိမ်သုံးပစ္စည်းရောင်းဝယ်ရေးဆိုင်ခန်းမှ လျှပ်စစ်ဝါယာရှော့ခ်ဖြစ်ကာ မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး ဆိုင်ခန်း နှစ်ခန်းမီးထဲပါသွားမှု မေလ ၇ ရက် မနက်ပိုင်းကဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ဖြစ်စဉ်မှာ မေလ ၇ ရက် မနက် ၇ နာရီ ၄၅ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၊ အမှတ် (၁၃)ရပ်ကွက်၊ ဆန္ဒတော်ပြည့်ဘုရား၏တောင်ဘက်၊ ဗိုလ်ချုပ်လမ်းမကြီး၏ အရှေ့ဘက်တွင် အသက် ၄၈ နှစ်ခန့်ရှိသောအမျိုးသမီး(သုခမွန်ရောဂါရှာဖွေရေးဓါတ်ခွဲမှူး)နေထိုင်သည့် အလျား ၃၀ ပေ၊ အနံ ၂၀ ပေအကျယ်တိုက်ခန်းတွဲ ၃ တွဲရှိ အိမ်သုံးပစ္စည်းရောင်းဝယ်ရေးဆိုင်ခန်းမှ လျှပ်စစ်ဝါယာရှော့ခ်ဖြစ်ကာ မီးစတင်လောင်ကျွမ်းခဲ့ရာ မီးလောင်မှု၌ဆိုင်ခန်း နှစ်ခန်းမီးထဲပါသွားမှုဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုကာလတန်ဖိုးမှာ ၇၀၀၀၀၀ ကျပ်ခန့်ဖြစ်ကြောင်းနှင့် လူ/တိရစ္ဆာန် ထိခိုက်ဆုံးရှုံးမှုမရှိကြောင်း သိရသည်။
အဆိုပါမီးလောင်ကျွမ်းရာသို့ မြင်းခြံခရိုင်မီးသတ်ဦးစီးမှူး ဦးအောင်သက်လှိုင် ဦးစီး၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်နှင့်အရန်မီး သတ်တပ်ဖွဲ့ ၄၉ ဦးတို့သည် မီးသတ်ယာဉ် ၄ စီး၊ ရေသယ်ယာဉ် ၂ ဖြင့် ဝိုင်းဝန်းငြိမ်းသတ်မှုများကြောင်း နံနက် ၇ နာရီ ၅၅ မိနစ်တွင် မီးလုံးဝငြိမ်းသွားကြောင်း ခရိုင်မီးသတ်ဦးစီးမှူး ဦးအောင်သက်လှိုင်၏ ပြောပြချက်အရ သိရသည်။
ယင်းကဲ့သို့ လျှပ်စစ်မီးအားပေါ့ဆစွာ အသုံးပြုသူအသက် ၄၈ နှစ်ခန့်ရှိသည့်အမျိုးသမီးအား မြင်းခြံမြို့မရဲစခန်းမှ (ပ)၄၀/၂၀၂၃၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၂၈၅ အရ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။