October 22, 2024

Photo-MFSD

၁၄. ၁၀. ၂၀၂၂

Written by Thettant

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယနေ့ (အောက်တိုဘာ ၁၄ ရက်) နံနက်ပိုင်းက အဝေးပြေးယာဥ်နှစ်စီးတိုက်မိမှုကြောင့် အမျိုးသားနှစ်ဦးသေဆုံးကာ ငါးဦးဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ကြောင်း ကနဦး သိရသည်။

ဖြစ်စဥ်မှာ အောက်တိုဘာ ၁၄ ရက် နံနက် ၃ နာရီခွဲအချိန် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင် အမှတ် ၂၃၀/၀ နှင့် ၂၃၀/၁ ကြားတွင် EXPRESS ယာဉ် ၂ စီး တိုက်မိမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထို့အတွက် မီးသတ်ဦးစီးဌာနအနေဖြင့် ပန်းတင်အမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီးဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက် ဆောင်ရွက်ခဲ့သည်။ အဆိုပါ ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါ ကျား ၁၇ ဦး၊ မ ၄ ဦး စုစုပေါင်း ၂၁ ဦးအနက် ၅ ဦး ထိခိုက်ဒဏ်ရာရ (မစိုးရိမ်ရ) နှင့် ကျား(၂)ဦး (သေဆုံး) တို့အား ပန်းတင်အမြန်လမ်းရဲစခန်းပိုင် သူနာတင်ယာဉ်(၁)စီးနှင့် တံတားဦး လူမှုကူညီရေးယာဥ် ၁ စီးတို့ဖြင့် နေပြည်တော် ကုတင်(၁၀၀၀)ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု မီးသတ်ဦးစီးဌာနက ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *