October 18, 2024

၆. ၅. ၂၀၂၃
Written by Peya

ကမ္ဘောဒီးယား ဆီးဂိမ်းစ် ပီတန်း(Petanque) အားကစားပြိုင်ပွဲတွင် မြန်မာကစားသမားက ရွှေဆု ၁ ဆု ထပ်ရသည့်အတွက် မြန်မာက ရွှေဆု ၃ ဆု ရပြီဖြစ်ကြောင်း အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနထံက သတင်း ရရှိသည်။

ကမ္ဘောဒီးယား ဆီးဂိမ်းစ်တွင် ယနေ့ မေလ ၆ ရက်က ပီတန်း အမျိုးသမီး(အပစ်-Shooting)ပြိုင်ပွဲတွင် ၇ နိုင်ငံယှဥ်ပြိုင်ကစားခဲ့ကြရာ မြန်မာအသင်းက အကြိုဗိုလ်လုပွဲသို့ တက်ရောက်သွားပြီး ထိုင်းနိုင်ငံအသင်းနှင့် ဆက်လက်ယှဥ်ပြိုင်ခဲ့ရာ ရမှတ် (၃၁)မှတ် (၄၄)မှတ်ဖြင့် အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲသို့ တက်ရောက်သွားခဲ့ခြင်း ဖြစ်သည်။

မြန်မာအသင်းမှ ခင်ချယ်ရီသက်သည် ဗိုလ်လုပွဲပြိုင်ပွဲတွင် ဗီယက်နမ်အသင်းမှ အားကစားသမားကို ရမှတ် (၄၂)မှတ် (၃၀)မှတ်ဖြင့် အနိုင်ရရှိခဲ့ပြီး ပထမဆု(ရွှေတံဆိပ်)ကို ထိုက်ထိုက်တန်တန်ရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် မေလ ၆ ရက် နံနက်ပိုင်းက ဗိုဗီနမ် အားကစားနည်းတွင် မခိုင်ဝါဖူးနှင့် မမေဟန်နီအောင်လွင်တို့က ပထမဆု(ရွှေတံဆိပ်ဆု) ရရှိခဲ့ပြီး ဗိုဗီနမ် လေးယောက်တွဲ အမျိုးသားပြိုင်ပွဲတွင် အောင်ခိုင်လင်း၊ ဟိန်းထက်အောင်၊ ကျော်သူစိုးအောင်၊ ရာဇာထွန်းတို့က ပထမဆု (ရွှေတံဆိပ်) ဆုကို ရယူနိုင်ခဲ့သည်။

လက်ရှိ ယှဉ်ပြိုင်မှု အခြေအနေများအရ ယနေ့ မေလ ၆ ရက် နေ့လည်ပိုင်းအထိ မြန်မာအသင်းအနေဖြင့် ရွှေတံဆိပ် ၃ ခု၊ ငွေတံဆိပ် ၁ ခု နှင့် ကြေးတံဆိပ် ၄ ခု ရထားပြီး ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *