October 18, 2024

၆. ၅. ၂၀၂၃
Written by Peya

ယခုလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်း ဖြစ်ပေါ်နိုင်ရာ နွေအပူကို ခံစားနေရသည့် မြန်မာတစ်နိုင်ငံလုံးတွင် မိုးရွာရန် အခြေအနေရှိကြောင်း မိုးလေဝသပညာရှင် စုစုစံက ရေးသားထားသည်။

“၂၀၂၃ မေလ ၁၁ ရက်နေ့မှ ၁၄ ရက်နေ့အတွင်း ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းတစ်လုံးဖြစ်ပေါ်နိုင်ပြီး အဆိုပါရက်များတွင် မုန်တိုင်း ညာဖက်ယက်တင်လေအထက် လေစီးကြောင်းများမှ မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာ မိုးတွေရွာနိုင်ပါတယ်” ဟု စုစုစံ က ဆိုသည်။

မုန်တိုင်း မည်သည်နေရာဝင်မည် ဆိုခြင်းကို အတိအကျ ခန့်မှန်းပေးရန် ခက်ခဲနေသေးပြီး ရခိုင်ကမ်းရိုးတန်း သို့မဟုတ် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ဝင်ရောက်မည့် အလားအလာ ရှိနေကြောင်းလည်း သိရသည်။

မကြာမီ ဖြစ်ပေါ်လာနိုင်သည့် မုန်တိုင်းနှင့် ပတ်သက်၍ မုန်တိုင်း၏အမည်ကို မိုချာ ဟု ပေးထားကာ မေလ ၁၀ ရက်မှ ၁၂ ရက်အတွင်း အဆိုပါ မုန်တိုင်းသည် ဧရာဝတီ ကမ်းရိုးတန်းနှင့် ရခိုင်ကမ်းရိုးတန်းကို ရောက်ရှိနိုင်ကာ ရေလှိုင်းအမြင့်မှာ ၃၂ ပေ မှ ပေ ၄၀ အထိ မြင့်တက်နိုင်ပြီး တစ်နာရီ လေတိုက်နှုန်းမှာ မိုင် ၉၀ မှ မိုင် ၁၂၀ အထိ ရှိနိုင်ကြောင်း မိုးလေဝသပညာရှင်များက ခန့်မှန်းထားသည်။

မကြာမီ ဖြစ်ပေါ်လာနိုင်သော Mocha ဆိုင်ကလုန်းမုန်တိုင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံကို ဝင်မည်ဟု ဆိုခြင်းမှာ ပြောရန်စောနေသေးကြောင်းလည်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဦးလှထွန်းက MT News သတင်းဌာနသို့ ပြောကြားထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *