October 30, 2024

အကြမ်းဖက်သမားများ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူတစ်ဦးအား တာဝန်ရှိသူများ လှူဒါန်းနေမှုကို တွေ့ရစဥ်

MT News

Written by Nay Moe

ကျိုက်ထီးရိုးဘုရားဖူးပြည်သူသုံးဦးသေဆုံးပြီး ၁၉ ဦး ဒဏ်ရာရစေခဲ့သည့် PDF ၏ တိုက်ခိုက်မှု ပြင်းထန်စွာရှုတ်ချကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အောက်တိုဘာ ၁၃ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၂ ရက် နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးဆံတော်ရှင်အား ဖူးမြော်ရန် လာရောက်ကြသော ဘုရားဖူးပြည်သူ အများအပြားရှိသည့် ကင်မွန်းချောင်း တောင်တက်ယာဉ်စခန်းအား KNLA တပ်မဟာ(၁)နှင့် NUG-CRPH တို့၏ လက်အောက်ခံ PDF များက လက်နက်ကြီးလက်နက်ငယ်များဖြင့် လူမဆန်စွာ အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ကြကြောင်း သိရှိရသည်ဟု ဆိုသည်။

PDF တို့၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျိုက်ထီးရိုးဆံတော်ရှင်အား လာရောက်ဖူးမြော်ကြသည့် အပြစ်မဲ့ ဘုရားဖူးပြည်သူ ၃ ဦး သေဆုံးပြီး ၁၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။ ဘုရားဖူးလာသော အပြစ်မဲ့ပြည်သူများအား စက်ဆုပ်ရွံရှာဖွယ် လူမဆန်စွာပစ်ခတ် တိုက်ခိုက်ခဲ့ကြသည့် KNLA တပ်မဟာ (၁)နှင့် NUG-CRPH တို့၏ လက်အောက်ခံ PDF များနှင့် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကို ပြင်းထန်စွာပြစ်တင်ရှုတ်ချကြောင်း သဘောထားထုတ်ပြန်အပ်သည်ဟု USDP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *