၆. ၅. ၂၀၂၃
Written by Peya
ကမ္ဘောဒီးယားတွင် ကျင်းပပြုလုပ်နေသည့် ၃၂ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံက ရွှေတံဆိပ် နှစ်ခုစရပြီဖြစ်ကြောင်း အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနက သိရသည်။
ဗိုဗီနမ် အားကစားနည်းကို မေလ ၆ ရက် နံနက်ပိုင်းက မခိုင်ဝါဖူးနှင့် မမေဟန်နီအောင်လွင်တို့က ပထမဆု(ရွှေတံဆိပ်ဆု) ရရှိခဲ့ခြင်းဖြစ်ပြီး အထက်ပါ အားကစား၏ လေးယောက်တွဲ အမျိုးသားပြိုင်ပွဲတွင် အောင်ခိုင်လင်း၊ ဟိန်းထက်အောင်၊ ကျော်သူစိုးအောင်၊ ရာဇာထွန်းတို့က ပထမဆု (ရွှေတံဆိပ်) ဆုကို ထပ်မံ ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။
လက်ရှိ ယှဉ်ပြိုင်မှု အခြေအနေများအရ ယနေ့ မေလ ၆ ရက် နံနက်ပိုင်းအထိ မြန်မာအသင်းအနေဖြင့် ရွှေတံဆိပ် ၂ ခု၊ ငွေတံဆိပ် ၁ ခု နှင့် ကြေးတံဆိပ် ၄ ခု ရထားပြီး ဖြစ်ကာ ဆီးဂိမ်းစ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံက ဗိုဗီနမ်၊ ပိုက်ကျော်ခြင်း၊ လှေလှော် စသည့် အားကစားနည်းများတွင် အားကစားအများဆုံး ဝင်ရောက်ယှဉ်ပြိုင်နေကြောင်းလည်း သိရသည်။