၅. ၅. ၂၀၂၃
Written by Min Mahar
လ္ဘက်ရည်သောက်ပြီးပြန်လာသော ကျေးရွာအုပ်ချုပ်ရေးမှူးသည် အိမ်ရှေ့အရောက်၌ PDF အဖွဲ့ဝင် ၂ ဦးက သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်သွားမှု ငါန်းဇွန်မြို့နယ်တွင် ယနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ မေလ ၅ ရက် နံနက် ၇ နာရီခွဲကျော်က မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကျေးရွာအုပ်စု၊ ငါန်းမြာကျေးရွာတွင် နေထိုင်သော အသက် ၅၅ နှစ်ခန့်ရှိသည့် ငါန်းမြာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုးသည် ကျေးရွာအတွင်းရှိ “ချစ်စရာ”လက်ဖက်ရည်ဆိုင်သို့ ဆိုင်ကယ်ဖြင့်သွားရောက်၍ လက်ဖက်ရည်သောက်ပြီး နေအိမ်သို့ပြန်လာခဲ့ရာ နေအိမ်အနီးသို့ ရောက်ရှိစဉ် အမည်မသိ PDF အဖွဲ့ဝင် ၂ ဦးမှ ဆိုင်ကယ်တစ်စီးဖြင့် နောက်မှလိုက်ပါလာပြီး သေနတ်ဖြင့်ပစ်ခတ်ကာ ကုန်းလည်ကျေးရွာဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှုးသည် သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ယာဘက်နားထင်ကို ကျည်ဖောက်ဝင်သည့်ဒဏ်ရာ ၁ ချက်၊ ဦးခေါင်းနောက်စေ့ကိုလည်း ကျည်ဖောက်ဝင်သွားသောဒဏ်ရာ ၁ ချက်နှင့် ခါးလည်ကိုပါ ကျည်ဖောက်ဝင်သည့်ဒဏ်ရာ ၁ ချက်တို့ရရှိပြီး သေဆုံးသွားခဲ့သဖြင့် အခင်းဖြစ်စဉ်နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာကာ စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီး ရုပ်အလောင်းအား မနက် ၉ နာရီခန့်တွင် ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် ငါန်းမြာကြီးတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။